စေတနာရှင် လှူတဲ့ကျောင်း ဆောက်ခွင့်ရပ်ဆိုင်း


2016.07.29

နာမည်ကျော်စေတနာရှင် စိုးလျှပ်စစ်ဖောင်ဒေးရှင်း ဦးစိုးတင့်က သိန်း ၈၀၀၀ ကျော် အကုန်အကျခံပြီး ပျဉ်းမနားမြို့မှာ ဆောက်လုပ်လှူဒါန်းထားတဲ့ အ လ က (၁) ကန်နားကျောင်း လေးထပ်အဆောက်အအုံကို ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ခဲ့တဲ့အတွက် ရပ်ဆိုင်းထားဖို့နဲ့ ဒီညွှန်ကြားချက်ကို မလိုက်နာရင် တရားစွဲမယ့်အကြောင်း နေပြည်တော် စည်ပင်သာယာရေးကော်မတီက အကြောင်းကြားစာပေးပို့ခဲ့တာနဲ့ ပတ်သက်ပြီး ဖောင်ဒေးရှင်းပြောခွင့်ရသူ ဦးအောင်ချို ကို ဒေါ်စမ်းစမ်းတင် က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။