သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-06-30
ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာနိုင်ငံအပေါ် ကုလနဲ့ နိုင်ငံတကာရဲ့ သဘောထားရပ်တည်ချက်တွေ၊ ICC နဲ့ ICJ မှာ စစ်ကောင်စီကို အရေးယူဖို့ သူတို့ဆောင်ရွက်နေပုံတွေ၊ မြန်မာပြည်ရဲ့ ရှေ့အလားအလာတွေနဲ့ ပတ်သက်ပြီး RFA အဖွဲ့သားဦးခင်မောင်စိုး က နယူးယောက်မြို့ရှိ သူလက်ရှိနေထိုင်ရာ မြန်မာနိုင်ငံ အစိုးရပိုင်အိမ်တော်မှာ ဇွန်လ ၂၇ ရက်နေ့က သွားရောက်တွေ့ဆုံမေးမြန်းထားပါတယ်။
2021-06-30
လက်ရှိဖြစ်ပွားနေတဲ့ Covid-19 တတိယလှိုင်းကို စစ်ကောင်စီက ထိန်းချုပ်ဖို့ခက်ခဲနေပြီး သူ့အာဏာ တည်မြဲရေးကိုပဲ အာရုံစိုက်နေတယ်လို့ ယူဆကြောင်း အမည်မဖော်လိုတဲ့ မြို့နယ်ကျန်းမာရေးဦးစီးဌာနက ဆရာဝန်ကြီးတစ်ဦးက သုံးသပ်ပြောပါတယ်။
2021-06-28
ရန်ကုန်မြို့က စစ်ထောက်လှမ်းရေးတွေ နှိပ်စက်မေးမြန်းတဲ့ စစ်ကြောရေးစခန်းမှာ သူ့ကိုယ်သူ သေလူအဖြစ်သတ်မှတ်ထားခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဖမ်းဆီးနှိပ်စက်တာတွေကို ခံခဲ့ရတဲ့ ကမာရွတ်မီဒီယာရဲ့ အယ်ဒီတာချုပ် ဦးနေသန်မောင်က ပြောပါတယ်။
2021-06-26
ရန်ကုန်တိုင်း တိုက်ကြီးမြို့နယ်ထဲက အခြေခံပညာကျောင်းတွေထဲက အာဏာဖီဆန်ရေး CDM လုပ် ထားတဲ့ ကျောင်းဆရာ၊ ဆရာမ ငါးယောက်တို့ဟာ တိုင်းရင်းသား နယ်မြေတစ်ခုမှာ ရောက်ရှိနေကြပြီး သူတို့တွေမှာ စားသောက်ရေး အခက်ခဲရှိနေတယ်ဆိုပေမယ့် စစ်အာဏာရှင် လက်အောက်ကိုတော့ ပြန်မသွားကြဘူးလို့ ပြောပါတယ်။
2021-06-25
ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းလိုက်ပြီးတဲ့ နောက်ဆက်တွဲ အကျိုးဆက်အနေနဲ့ တစ်နိုင်ငံလုံးမှာရှိတဲ့ ကျန်းမာရေးဝန်ထမ်း ဆရာဝန်တွေ၊ သူနာပြုတွေ၊ မိခင်နဲ့ကလေး စောက်ရှောက်ရေးဌာနက သူနာပြုတွေ CDM လုပ်ပြီး စစ်ကောင်စီကို ဆန့်ကျင်နေတာကြောင့် ပုံမှန်လုပ်နေကျ အသက် ၅ နှစ်အောက် ကလေးငယ် ကာကွယ်ဆေးထိုးလုပ်ငန်းတစ်ခုလုံးနီးပါး ရပ်ဆိုင်းထားရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရှမ်းပြည်နယ်က သားဖွားမီးယပ်ဆရာမတစ်ဦးက ပြောပါတယ်။
2021-06-24
ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြောက်ထားတဲ့ အရပ်သားအစိုးရကို အင်အားသုံးဖြုတ်ချပြီး အာဏာသိမ်းထားတဲ့စစ်တပ်ကို လူထုက လက်နက်ကိုင်ပြီး ပြန်လည်အန်တုဖို့ ပြင်ဆင်လာတာကြောင့် မြို့ပြတိုက်ပွဲတွေဟာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာနိုင်ခြေရှိနေတယ်လို့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
2021-06-23
မန္တလေးမြို့က ပြောက်ကျားစစ်ခေါင်းဆောင် ဗိုလ်ထွန်းတောက်နိုင်အပါအဝင် သုံးဦးကို စစ်ကောင်စီက ဒီကနေ့ ညနေပိုင်းက မန္တလေးမြို့မှာပဲ ဖမ်းဆီးလိုက်တယ်လို့ မန္တလေး PDF အဖွဲ့ဝင်တစ်ယောက်က RFA ကို အတည်ပြုပြောပါတယ်။
2021-06-22
မတ်လ ၁ ရက်နေ့ကတည်းက စတင်အခြေပြုခဲ့တဲ့ ပဲခူးပြည်သူ့ကာကွယ်ရေးတပ် BDF ကိုအခု အခိုင်အမာဖွဲ့စည်းပြီးပြီမို့ နိုင်ငံနဲ့အဝှမ်းက မဟာမိတ်အဖွဲ့တွေနဲ့ ပူးပေါင်းတိုက်ပွဲဝင်ဖို့ အသင့်ဖြစ်နေပြီလို့ BDF အဖွဲ့ရဲ့ သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။
2021-06-22
ဇွန်လ ၂၂ ရက် ဒီကနေ့ မန္တလေးမှာဖြစ်ခဲ့တဲ့ ပထမဦးဆုံး မြို့ပြတိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ရှစ်ယောက် သေဆုံးပြီး ရှစ်ယောက် အဖမ်းခံရတယ်လို့ မြဝတီရုပ်သံဌာနက ချက်ချင်းသတင်းထုတ်လွှင့်ခဲ့ပေမယ့် PDF အဖွဲ့ တာဝန်ရှိသူတွေကတော့ သူတို့ဘက်က သေဆုံးသူ မရှိဘဲ၊ စစ်တပ်ဘက်ကသာ နှစ်ယောက် သေဆုံးခဲ့တယ်လို့ RFA ကိုပြောပါတယ်။
2021-06-16
နွေဦးတော်လှန်ရေးဟာ အာဏာသိမ်းစစ်တပ်နဲ့ နိုင်ငံရေးပါတီ တစ်ခုခုအကြားဖြစ်နေတာ မဟုတ်ဘဲ စစ်တပ်နဲ့ ပြည်သူအကြား ဖြစ်နေတဲ့ပြဿနာမို့ ပြည်သူတွေ ဘာလိုချင်လဲဆိုတာကို စစ်ကောင်စီဘက်က အသေအချာ စဉ်းစားပြီး အဖြေရှာသင့်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကျန်းမာရေးနဲ့ ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေးစိုးက ပြောလိုက်ပါတယ်။
2021-06-16
ဒုက္ခသည်တွေမှာ ရိက္ခာအပြင် ကျန်းမာရေး အခက်အခဲတွေပါ ရင်ဆိုင်နေရတဲ့အတွက် စစ်ကင်းမဲ့ဇုန်တစ်ခု သတ်မှတ်ပေးစေချင်တယ်လို့ ဒီးမော့ဆိုမြို့မှာ စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေသူ တစ်ယောက်က RFAကို ပြောပါတယ်။
2021-06-15
ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူ့ဘက်ကို ကူးပြောင်းခဲ့တဲ့ အရာရှိနဲ့စစ်သည် စုစုပေါင်း ၈ဝဝ ခန့်ရှိလာပြီလို့ ခမရ ၅၂၈ က ဗိုလ်ကြီး လင်းထက်အောင်က RFA ကိုပြောပါတယ်။
2021-06-09
ဇွန်လ (၇) ရက်ကနေ (၈) ရက်နေ့အထိ နှစ်ရက်ကြာ ပြုလုပ်ခဲ့တဲ့ တရုတ်-အာဆီယံ အထူးအစည်းအဝေးမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက “မြန်မာ့ဒီမိုကရေစီအသွင် ကူးပြောင်းရေးအတွက် အာဆီယံနဲ့ ပူးပေါင်းပြီး ကူညီချင်တယ်၊ မြန်မာပြည်သူတွေရဲ့အကျိုးအတွက် အစုအဖွဲ့အားလုံးနဲ့ ပူးပေါင်းရေးဟာ တရုတ်နိုင်ငံရဲ့ ဦးစားပေးဖြစ်တယ်” လို့ ပြောကြားခဲ့တဲ့အကြောင်း RFA က သတင်းတွေ ထုတ်လွှင့်ခဲ့ပြီး ဖြစ်ပါတယ်။
2021-06-09
CDM အနုနည်းနဲ့ အာဏာဖီဆန်မှုလှုပ်ရှားမှုမှာ ပါဝင်တဲ့အတွက် ဝန်ထမ်းအိမ်ကနေ ရွှေ့ပြောင်းပေးရတဲ့ မိသားစုပြောင်းသွားတဲ့နေရာမှာ လက်နက်တွေလာချတယ်လို့ စွပ်စွဲပြီး ရဲနဲ့ တပ်က ညတွင်းချင်း လာဝိုင်းတဲ့အကြောင်းနဲ့ ပတ်သက်ပြီး မကွေးတိုင်းက ဝန်ထမ်းရဲ့ခင်ပွန်းကို ဒေါ်စမ်းစမ်းတင်က ဆက်သွယ်မေးမြန်းထားပါတယ်။
2021-06-06
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဒီမိုကရေစီအရေးလှုပ်ရှားသူတွေ ဖန်တီးထုတ်ဝေနေတဲ့ နွေဦးအသံ ဆိုတဲ့ မြေအောက်သတင်းစာစောင်ကို ဧပြီ ၅ ရက်က စတင်ထုတ်ဝေခဲ့ပါတယ်။ အခုတလော လုံခြုံရေး အခြေအနေအရ နှစ်ရက်ရပ်နားလိုက်ရပေမယ့် စနေနေ့ကစပြီး ပြန်ထုတ်ဝေနေပါပြီ။