ကယားစစ်ဘေးဒုက္ခသည်တွေ အတွက် ကယ်ဆယ်ရေး လုပ်နေသူတစ်ဦးနဲ့ ဆက်သွယ်မေးမြန်းချက်
2021.06.16
ကယားပြည်နယ် ဒီးမော့ဆိုမြို့မှာ ကရင်နီ အမျိုးသားကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေ ဖြစ်လို့ စစ်ဘေးရှောင်တွေ အခက်အခဲ ဖြစ်နေပါတယ်။ စစ်ဘေးရှောင်တွေကို ကူညီပေးမယ့် ကားတွေကိုပါ စစ်ကောင်စီတပ်တွေက ပစ်ခတ်တာတွေ ရှိခဲ့ပြီး ကူညီပေးနေတဲ့ သူတွေလည်း အန္တရာယ်ကြားကနေ ရိက္ခာနဲ့ဆေးဝါးတွေ ပို့ပေးနေကြရပါတယ်။ ဒုက္ခသည်တွေမှာ ရိက္ခာအပြင် ကျန်းမာရေး အခက်အခဲတွေပါ ရင်ဆိုင်နေရတဲ့အတွက် စစ်ကင်းမဲ့ဇုန်တစ်ခု သတ်မှတ်ပေးစေချင်တယ်လို့ ဒီးမော့ဆိုမြို့မှာ စစ်ဘေးဒုက္ခသည် တွေကို ကူညီပေးနေသူ တစ်ယောက်က RFAကို ပြောပါတယ်။