ကယားပြည်နယ်တွင်း တကျော့ပြန်တိုက်ပွဲတွေ ဖြစ်နေ
2021.07.20
စစ်ကောင်စီနဲ့ ဒေသခံတပ်တွေကြား သဘောတူပြီး အပစ်အခတ်ရပ်စဲထားတဲ့ ကယားပြည်နယ်ထဲမှာ ဇူလိုင်လ ၁၇ ရက်နေ့ကစလို့ တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်နေပါတယ်။
စစ်ကောင်စီဘက်က သဘောတူညီချက်တွေ ချိုးဖောက်ပြီး ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတဲ့နေရာတွေထိ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေရှိနေတာကြောင့် ကရင်နီတပ်မတော်နဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)တို့ ပြန်ပူးပေါင်းတိုက်နေတာလို့ KNDF ပြောခွင့်ရှိသူက RFA ကိုပြောပါတယ်။
ဇူလိုင်လ ၁၇ ရက်နေ့က ပြန်ဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံ ၂၀၀၀ ကျော်ထွက်ပြေးတိမ်းရှောင်နေရသလို အကူအညီတွေ လိုအပ်နေတယ်လို့ဆိုပါတယ်။
ကယားပြည်နယ်ဘက်က လတ်တလောတိုက်ပွဲအခြေအနေတွေကို လုံခြုံရေးအရ အမည်မဖော်လိုတဲ့ KNDF ပြောခွင့်ရှိသူကို RFA ဝိုင်းတော်သား စောဖိုးခွား ဆက်သွယ်မေးမြန်းထားပါတယ်။