NLD ရဲ့ ကယားခရီးစဉ်အပေါ် KySDP အနိုင်ရကိုယ်စားလှယ်နဲ့ မေးမြန်းချက်

2021.01.11

မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကိုယ်စားလှယ်အဖွဲ့ဟာ အနိုင်ရတိုင်းရင်းသားပါတီတွေနဲ့ တွေ့ဆုံဖို့ ကယားပြည်နယ်၊ လွိုင်ကော်မြို့ကို ဇန်နဝါရီလ ၁၁ ရက်နေ့ ဒီနေ့လယ်မှာ ရောက်ရှိခဲ့ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ ကယားပြည်နယ်က မဲဆန္ဒနယ်စုစုပေါင်း ၃၄ ရှိတဲ့အနက် ၈ နေရာ အနိုင်ရထားတဲ့ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီကိုတော့ တွေ့ဆုံဖို့ အကြောင်းကြားတာ ဒီနေ့မနက်ပိုင်းအထိ မရှိသေးဘူးလို့ ပါတီတာဝန်ရှိသူတွေက ပြောပါတယ်။

ဖရူဆိုမြို့နယ် ပြည်သူ့လွှတ်တော်နေရာမှာ ရွေးကောက်ပွဲအနိုင်ရရှိထားတဲ့ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ KySDP က ဦးဒီးဒီ ကို RFA သတင်းထောက် မစိုးစိုးထက်က တွေ့ဆုံမေးမြန်း ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။