မန္တလေး PDF အဖွဲ့က ချေမှုန်းရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ဇီးကွက် နဲ့ မေးမြန်းချက်

2021.06.22

ဇွန်လ ၂၂ ရက် ဒီကနေ့ မန္တလေးမှာဖြစ်ခဲ့တဲ့ ပထမဦးဆုံး မြို့ပြတိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ရှစ်ယောက် သေဆုံးပြီး ရှစ်ယောက် အဖမ်းခံရတယ်လို့ မြဝတီရုပ်သံဌာနက ချက်ချင်းသတင်းထုတ်လွှင့် ခဲ့ပေမယ့် PDF အဖွဲ့ တာဝန်ရှိသူတွေကတော့ သူတို့ဘက်က သေဆုံးသူ မရှိဘဲ၊ စစ်တပ်ဘက်ကသာ နှစ်ယောက် သေဆုံးခဲ့တယ်လို့ RFA ကိုပြောပါတယ်။

ဒီကနေ့ တိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး မန္တလေး PDF အဖွဲ့က ချေမှုန်းရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ဇီးကွက် ကို RFA က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Sithu Aung
2021-06-23 01:56

မြို့ပြတိုက်ပွဲဆင်နွဲရာမှာ မဖြစ်မနေသုံးရမယ့်ဗျူဟာကပြောက်ကျားဗျူဟာပါ.. ရန်သူကမိမိထက်လက်နက်လူသူစစ်ကူကအစအဖက်ဖကသာလွန်အင်အားရှိနေတာကို ဘယ်နည်းနဲ့မှထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်လို့မရနိုင်ပါ. တကယ့်သေနတ်တွေနဲ့နဲနဲမှလူစိတ်မရှိတဲ့စခတွေနဲ့ရင်ဆိုငိနေကြရတာပက်ဂျီမိုဘိုင်းကစားနေတာမဟုတ်ပါဘူးထိသေဂိမ်းလက်တွေ့ချနေကြရတာပါ.. ရန်သူလိုက်ရင် ကိူယ်ကပြေး ရန်သူနားချိန် ကိုယ်ကတိုက် hit and run ပြောက်ကျားစစ်ဟာ နားလည်တတ်ကျွမ်းရင်တတ်ကျွမ်းတဲ့အလျောက်ပါးရည်နပ်ရည်ရှိတဲ့အလျောက် အင်မတန်ထိရောက်ပြီးရန်သူကိုအထိနာစေရှုံးစေတဲ့ ကမ္ဘာ့တော်လှန်စစ်မှန်သမျှရဲ့မရိုးနိုင်တဲ့ နည်းစနစ်ပဲဖြစ်.တယ်.. ရန်သူ့အစုအဖွဲ့တခုကိုအမိအရဝင်စီးနင်းတိုက်ခိုက်ခ့ံရင်တောင်ရန်သူ့အင်အားထက်အနည်းဆုံးသုံးဆသာတဲ့သာလွန်အင်အားနဲ့ ဝင်ရောက်တိုက်ခိုက်လက်နက်တွေအရယူပြီးချက်ချင်းတပ်ဖျောက်နိုင်အောင်ချက်ချင်းစုဖွဲ့ ချက်ချင်း​ေရွ့လျားနိုင် ချက်ချင်းတပ်ဖျောက်နိုင်သောစွမ်းရည်များပြည့်ဝနေအောင် လေ့ကျင့်ထားသင့်ပါသည်