ပြည်သူနဲ့ပူးပေါင်းတဲ့ စစ်သား ၈ဝဝ လောက်ရှိပြီ

2021.06.15

ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူ့ဘက်ကို ကူးပြောင်းခဲ့တဲ့ အရာရှိနဲ့စစ်သည် စုစုပေါင်း ၈ဝဝ ခန့်ရှိလာပြီလို့ ခမရ ၅၂၈ က ဗိုလ်ကြီး လင်းထက်အောင်က RFA ကိုပြောပါတယ်။

ဒီအရေအတွက်ဟာ လက်ရှိမြန်မာစစ်တပ်ရဲ့ ဖွဲ့စည်းပုံအရ တပ်ရင်း ၅ ရင်းစာလောက် ရှိပါတယ်။ ပြည်သူဘက်ကို ကူးပြောင်းလာတဲ့ စစ်တက္ကသိုလ် အမှတ်စဉ် ၅၄ ဆင်း ဗိုလ်ကြီး လင်းထက်အောင်ကို RFA အဖွဲ့သား ဦးခင်မောင်စိုးက ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။