သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-12-08
နှစ်ပတ်နီးပါးကြာ သပိတ်စခန်းဖွင့်ပြီး လုပ်ငန်းခွင်ကျန်းမာရေးစောင့်ရှောက်မှုပေးဖို့၊ အလုပ်အသွားအပြန်အတွက် ကြိုပို့ယာဉ် မလုံလောက်တာကို လုံလောက်အောင် စီစဉ်ပေးဖို့နဲ့ လုပ်သက်နှစ်ကြေးပေးဖို့ အပါအဝင် အချက် ၉ ချက်ကို တောင်းဆိုခဲ့တဲ့ ရန်ကုန်မြို့ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် စက်မှုဇုန် ၁ မှာရှိတဲ့ ဒဂုံဆိပ်ကမ်းအထည်ချုပ်စက်ရုံက အလုပ်သမား ၄၀၀ ကျော်နဲ့ အလုပ်ရှင်တို့ ညှိနှိုင်းပြီး ပြေလည်မှုရသွားပြီဖြစ်ပါတယ်။
2017-12-08
ရွေးကောက်ပွဲကော်မရှင်ကို အယုံအကြည်မရှိကြောင်း ပြောကြားခဲ့တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွဲ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ နန္ဒာလှမြင့်နဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တို့ နေပြည်တော်က ကော်မရှင်ရုံးမှာ တွေ့ဆုံခဲ့ပါတယ်။
2017-12-08
ရခိုင်ပြည်နယ် မြေပုံမြို့နယ် ယောချောင်းနားမှာ တပ်မတော်ယာဉ်တန်း ဖြတ်သန်းလာတုန်း ဆွဲမိုင်းပေါက်ကွဲခဲ့တဲ့အတွက် တပ်မတော်သား (၄) ဦး ဒဏ်ရာရသွားတယ်လို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင် က ပြောပါတယ်။ ဦးမင်းအောင်ကို မသင်းသီရိ ဆက်သွယ်မေးမြန်းထားပါတယ်။
2017-12-08
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဦးဆောင်တဲ့ အစိုးရအဖွဲ့မှာ အဆင့်မြင့်တာဝန် ယူထားသူတချို့ အပါအဝင် ပါတီဝင်အတော်များများကို တိုင်ကြားမှုတွေရှိနေတာနဲ့ ပတ်သက်ပြီး NLD ပါတီ ဗဟိုပြန်ကြားရေးကော်မတီရဲ့ အတွင်းရေးမှူး စာရေးဆရာ မုံရွာအောင်ရှင် ခေါ် ဦးအေးကြူ ကို RFA အဖွဲ့သူ မခင်ခင်အိက ဆက်သွယ်မေးမြန်းထားပါတယ်။
2017-12-07
မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ်မှာ စမုံမြစ်တိုက်စားတာကြောင့် ပျူခံတပ်မြို့ဟောင်းလို့ ယူဆရတဲ့ မြို့ရိုးတစ်ခုတွေ့ရှိထားတယ်လို့ ရှေးဟောင်းဗိသုကာပညာရှင် တမ္ပဝတီ ဦးဝင်းမောင် က ပြောပါတယ်။
2017-12-07
ပြီးခဲ့တဲ့ရက်က ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ မှာ ကျင်းပခဲ့တဲ့ မြန်မာနိုင်ငံ အရေးပေါ် အစည်း အဝေးရဲ့ ဆုံးဖြတ်ချက် မူကြမ်းမှာ ရခိုင်ပြည်နယ် အတွင်းက ပဋိပက္ခတွေရဲ့ အခြေအနေမှန်ကို သိနိုင်ဖို့ ကုလ သမဂ္ဂရဲ့ အချက်အလက်ရှာဖွေရေးအဖွဲ့ကို လာရောက်စုံစမ်းခွင့်ပြုဖို့ တောင်းဆိုထားပါတယ်။
2017-12-07
ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်လို့ ကုလသမဂ္ဂအပါဝင် နိုင်ငံတကာရဲ့ ဖိအားပေးမှုတွေ ပိုပြင်းထန်လာနေတာမို့ ဒီဖိအားပေးမှုတွေ လျော့ကျလာအောင် ဘယ်လိုဆောင်ရွက်ဖြေရှင်းသင့်ပါသလဲ။
2017-12-06
ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို အယုံအကြည်မရှိဘူး လို့ပြောခဲ့တဲ့ ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ နန္ဒာလှမြင့်ကို ကော်မရှင်တာဝန်ရှိသူတွေနဲ့ လာရောက်တွေ့ဆုံဖို့ ခေါ်ယူထားပါတယ်။
2017-12-06
မကွေးတိုင်းဒေသကြီး မကွေးမြို့နယ် ပေပင်စမ်းရွာမှာ တူးဖော်တွေ့ရှိထားတဲ့ ပေ ၁၀၀ ကျော်ရှိတဲ့ ကျောက်ဖြစ်ရုပ်ကြွင်းကြီးကို နိုင်ငံပိုင်အဖြစ်သာထားပြီး ပြတိုက်အနေနဲ့သာ ထားရှိစေချင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2017-12-06
ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ မနေ့က ချမှတ်ခဲ့တဲ့ ဆုံးဖြတ်မူကြမ်းမှာ ရခိုင်ပြည်နယ်အတွင်း က ပဋိပက္ခတွေရဲ့ အခြေအနေမှန်ကို သိနိုင်ဖို့ ကုလသမဂ္ဂရဲ့ အချက်အလက်ရှာဖွေရေးအဖွဲ့ကို လာရောက်စုံစမ်းခွင့်ပြုဖို့ တောင်းဆိုထားပါတယ်။ ဒါပေမဲ့ အစိုးရအနေနဲ့ ခွင့်ပြုမှာ မဟုတ်ဘူး လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး က ပြောပါတယ်။
2017-12-06
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်အတွင်း ဆန်တစ်အိတ်ကို ငွေကျပ် ၄ သောင်းကနေ ၆ သောင်းအထိ ဈေးပေးတာတောင် ဝယ်ယူလို့မရတဲ့ အခြေအနေဖြစ်ပေါ်နေပြီး လက်ရှိအချိန်မှာ ဆန်ပြတ်လတ်နေတယ်လို့ တနိုင်းမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဇော်ဝင်း က ပြောပါတယ်။
2017-12-06
ကချင်ပြည်နယ် မန်စီမြို့နယ်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တို့အကြား ထိစပ်နေတဲ့ ဒေသတွေကတဆင့် အရင်နှစ်တွေက တရားမဝင်သစ်မျိုးစုံကို တရုတ်နိုင်ငံဘက် မှောင်ခိုသယ်ယူတာတွေရှိပေမယ့် ဒီနှစ်ပွင့်လင်းရာသီမှာ အခုအချိန်အထိ မှောင်ခိုသမားတွေလှုပ်ရှားတာ မတွေ့ရသေးဘူးလို့ မန်စီမြို့နယ် လွှတ်တော် ကိုယ်စားလှယ် စိုင်းအေးမင်း က ပြောပါတယ်။
2017-12-05
အစိုးရရဲ့ UEHRD စီမံကိန်းမှာ ပူးပေါင်းဆောင်ရွက်ဖို့အတွက် Central Coordination Team (CCT)နဲ့ Regional Coordination Team(RCT) ဖွဲ့စည်းရာမှာ ရခိုင်ပြည်နယ်အတွင်းက အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ ပါဝင်နိုင်ဖို့အတွက် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း UEHRD ရဲ့ ညှိနှိုင်းရေးမှူးချုပ် ဒေါက်တာအောင်ထွန်းသက်နဲ့ အရပ်ဘက်လူမှု အဖွဲ့အစည်းတွေ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ ဒီနေ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
2017-12-04
အနည်းဆုံးလုပ်ခလစာ ကိစ္စနဲ့ပတ်သက်လို့ ပဲ ပြည်သူ့လွှတ်တော် တောင်သူလယ်သမားနဲ့ အလုပ်သမားရေးရာကော်မတီ ဥက္ကဌ ဦးကျော်မြင့်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
2017-12-04
တနေ့ကို အနည်းဆုံးလုပ်ခလစာ ၅၆၀၀ သတ်မှတ်ပေးဖို့ ရန်ကုန်၊ မန္တလေးနဲ့ ထီးချိုင့်တို့မှာ အလုပ်သမား အများအပြား ဆန္ဒပြခဲ့ကြပါတယ်။