ပျူခံတပ်မြို့ဟောင်းလို့ ယူဆရတဲ့ မြို့ရိုးတစ်ခုတွေ့ရှိ


2017.12.07

မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ်မှာ စမုံမြစ်တိုက်စားတာကြောင့် ပျူခံတပ်မြို့ဟောင်းလို့ ယူဆရတဲ့ မြို့ရိုးတစ်ခုတွေ့ရှိထားတယ်လို့ ရှေးဟောင်းဗိသုကာပညာရှင် တမ္ပဝတီ ဦးဝင်းမောင်က ပြောပါတယ်။ မြို့ရိုးတွေ့ရှိတဲ့နေရာဟာ ရှေးဟောင်း ပျူခံတပ်မြို့တည်ရှိတဲ့ အရပ်ဒေသဖြစ်တဲ့အပြင် ပျူခံတပ်တွေမှာသုံးတဲ့ အုတ်အရွယ်အစားနဲ့ ယခုတွေ့ရှိထားတဲ့ အုတ်ရိုးက အုတ်အရွယ်အစား တူညီတာကြောင့် ပျူခံတပ်မြို့ဟောင်းလို့ ယူဆတာဖြစ်တယ်လို့ တမ္ပဝတီ ဦးဝင်းမောင်က ပြောပါတယ်။

တမ္ပဝတီ ဦးဝင်းမောင်ကို RFA သတင်းထောက် မဇာဏီထွဏ်းက ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။