ဒဂုံမြို့သစ်ဆိပ်ကမ်း အထည်ချုပ်စက်ရုံက မဆုမြတ်မိုးနဲ့ ဆက်သွယ်မေးမြန်းချက်


2017.12.08

နှစ်ပတ်နီးပါးကြာ သပိတ်စခန်းဖွင့်ပြီး လုပ်ငန်းခွင်ကျန်းမာရေးစောင့်ရှောက်မှုပေးဖို့၊ အလုပ်အသွားအပြန်အတွက် ကြိုပို့ယာဉ် မလုံလောက်တာကို လုံလောက်အောင် စီစဉ်ပေးဖို့နဲ့ လုပ်သက်နှစ်ကြေးပေးဖို့ အပါအဝင် အချက် ၉ ချက်ကို တောင်းဆိုခဲ့တဲ့ ရန်ကုန်မြို့ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် စက်မှုဇုန် ၁ မှာရှိတဲ့ ဒဂုံဆိပ်ကမ်းအထည်ချုပ်စက်ရုံက အလုပ်သမား ၄၀၀ ကျော်နဲ့ အလုပ်ရှင်တို့ ညှိနှိုင်းပြီး ပြေလည်မှုရသွားပြီဖြစ်ပါတယ်။

မနေ့ကညပိုင်းမှာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် လာရောက်ပြီး ညှိနှိုင်းပေးတဲ့အတွက် အဆင်ပြေသွားတယ်လို့ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် အထည်ချုပ်စက်ရုံ အလုပ်သမားသမဂ္ဂ အလုပ်အမှုဆောင် မဆုမြတ်မိုး က ပြောပါတယ်။

မဆုမြတ်မိုး ကို RFA သတင်းထောက် ကိုအောင်သိင်္ခ က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။