မြန်မာ့အရေးလေ့လာသူ ဦးညိုအုန်းမြင့်နဲ့ မေးမြန်းချက်
2017.12.07
ပြီးခဲ့တဲ့ရက်က ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ ကျင်းပခဲ့တဲ့ မြန်မာနိုင်ငံ အရေးပေါ် အစည်းအဝေးရဲ့ ဆုံးဖြတ်ချက် မူကြမ်းမှာ ရခိုင်ပြည်နယ်အတွင်းက ပဋိပက္ခတွေရဲ့ အခြေအနေမှန်ကို သိနိုင်ဖို့ ကုလ သမဂ္ဂရဲ့ အချက်အလက်ရှာဖွေရေးအဖွဲ့ကို လာရောက်စုံစမ်းခွင့်ပြုဖို့ တောင်းဆိုထားပါတယ်။ ဒါဟာ မြန်မာနိုင်ငံရဲ့ အချုပ်အချာအာဏာကို ထိပါးနေသလို အပြည်ပြည်ဆိုင်ရာက မျက်ကွယ်မှာ တရားစီရင်သလို ဖြစ်နေတယ်လို့ မြန်မာ့အရေးလေ့လာသူ ဦးညိုအုန်းမြင့်က သုံးသပ်ပါတယ်။
ဦးညိုအုန်းမြင့် ကို RFA အဖွဲ့သူ မခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။