ကုလ အချက်အလက်ရှာဖွေရေးအဖွဲ့ လာရောက်စုံစမ်းခွင့် မပြု
2017.12.06
ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ မနေ့က ချမှတ်ခဲ့တဲ့ ဆုံးဖြတ်မူကြမ်းမှာ ရခိုင်ပြည်နယ်အတွင်း က ပဋိပက္ခတွေရဲ့ အခြေအနေမှန်ကို သိနိုင်ဖို့ ကုလသမဂ္ဂရဲ့ အချက်အလက်ရှာဖွေရေးအဖွဲ့ကို လာရောက်စုံစမ်းခွင့်ပြုဖို့ တောင်းဆိုထားပါတယ်။ ဒါပေမဲ့ အစိုးရအနေနဲ့ ခွင့်ပြုမှာ မဟုတ်ဘူး လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး က ပြောပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး ကို RFA အဖွဲ့သူ မခင်ခင်အိ ဆက်သွယ် မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။