သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-08-05
ရခိုင်ပြည်နယ် မောင်တောမြို့နယ်ထဲက ကိုင်းကြီး ရွာသား ခြောက်ဦးတို့ မနေ့က အကြမ်းဖက် သမားတွေရဲ့ လက်ချက်ကြောင့် သေဆုံးခဲ့ရတဲ့ အတွက် မေယုတောင်ကြောမှာ တပ်မတော် စစ်ကြောင်းတွေ တိုးချဲ့ထားပြီး ရွာထဲမှာလည်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ချထားလိုက်ပါတယ်။
2017-08-04
ပြည်ပနိုင်ငံသားခံယူထားတဲ့ မည်သည့်မြန်မာနိုင်ငံ သားမဆို မြန်မာနိုင်ငံမှာ အမြဲတမ်းနေထိုင်ခွင့် (PR) အတွက် သက်ဆိုင်ရာ သံရုံးတွေမှာ လျှောက် ထားနိုင်ပြီလို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက ကြေညာထား ပါတယ်။
2017-08-04
၁၉၆၂ ခုနှစ်ကနေ ဒီနေ့အချိန်ထိ အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနဲ့ ဒီမိုကရေစီရေးမှာ ပါဝင်ခဲ့သူတွေနဲ့ တည်ထောင်မယ့် နိုင်ငံရေးပါတီသစ်တရပ်ကို ၈ လေးလုံးမျိုးဆက်တွေ ကမကထလုပ်ပြီး ကြိုးပမ်းနေပါတယ်။
2017-08-03
မိုးကြီးခဲ့လို့ တစ်ပြည်လုံးအတိုင်းအတာအရ မိုးစပါးစိုက်ဧက ၅သိန်းကျော် ရေနစ်မြှပ်ခဲ့ပြီး ဧက ၈ သောင်းကျော်လောက် ပျက်စီးဆုံးရှုံးခဲ့ပါတယ်။
2017-08-03
ဒီနေ့အထိ သေဆုံးသူ ၁၃ ဦး နဲ့ ရောဂါပိုးတွေ့ရှိသူ ၉၉ ဦးအထိရှိနေတဲ့ ရာသီတုပ်ကွေးရောဂါ H1N1 ကူးစက်ပြန့်ပွားမှု မရှိစေဖို့နဲ့ အသေအပျောက် နည်းစေဖို့အတွက် လူနေထူထပ်တဲ့နေရာတွေမှာ ပညာပေးရေးလုပ်ငန်းတွေ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေးဖို့ တိုက်တွန်းကြောင်း အရေးကြီးအဆိုကို ကန့်ကွက်သူများတဲ့အတွက် အတည်မပြုဘဲ ပြည်သူ့လွှတ်တော်က ဒီကနေ့ မှတ်တမ်းတင်လိုက်ပါတယ်။
2017-08-03
လွှတ်တော်ပြင်ပနိုင်ငံရေးသမားတွေ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေ၊ လူ့အခွင့်အရေးအဖွဲ့တွေ ဝေဖန်ထောက်ပြနေတဲ့ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖျက်သိမ်းရေးအဆိုဟာ အမျိုးသား လွှတ်တော်မှာ ဒီနေ့မဲခွဲဆုံးဖြတ်တဲ့အခါ ထောက်ခံမဲ ၅၉ မ၊ဲ ကန့်ကွက်မဲ ၉၂ မဲ၊ ကြားနေ ၂၃ မဲ၊ ဘာမဲမှမပေးသူက ၁၉ ဦးနဲ့ ရှုံးနိမ့်သွားပြီး၊ ပြင်ဆင်ရေးဘက်က အသာစီးရသွားခဲ့ပါတယ်။
2017-08-02
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က တောင်ပြုံး ပွဲတော်ကို ရက်အကန့်သတ်မရှိ ပြောင်းရွှေ့ပြီး တဲ့နောက်မှာ ပွဲတော်အတွက် ပြင်ဆင်ထားတဲ့ ဆိုင်ခန်းတွေကို မနက်ဖြန်အပြီး ဖျက်သိမ်းရ မှာဖြစ်ပြီး ဆိုင်ခန်းတွေ ဖျက်သိမ်းနေတာဆိုရင် ဒီနေ့အထိ ၇၀ ရာခိုင်နှုန်းလောက် ဖျက်သိမ်းပြီးပြီ လို့ တောင်ပြုံးပွဲတော် ဖြစ်မြောက်ရေးကော်မတီဥက္ကဌ ဦးခင်မောင်ဆွေက ပြောပါတယ်။
2017-08-02
စစ်ဘေးဒုက္ခသည်စခန်းတွေက မိဘမဲ့ကလေးငယ်တွေကို စောင့်ရှောက်ပေးမယ့် ပရဟိတဂေဟာကို ရှမ်းပြည်နယ် လားရှိုးမြို့က မြေတစ်ဧကမှာ လာမယ့် ဒီဇင်ဘာလမှာ စတင်ဖွင့်လှစ်သွားမယ်လို့ ပညာရိပ်မွန်ပရဟိတနဲ့ လူမှုကူညီရေးအသင်း ဒုဥက္ကဌ ဦးကျော်ကျော်စိုးက ပြောပါတယ်။
2017-08-02
ဆရာအတတ်သင် သင်တန်းအောင်မြင်ပြီး အလုပ်မရရှိသေးတဲ့ ဆရာ/ ဆရာမတွေက သက်ဆိုင်ရာ ဝန်ကြီးဌာန တာဝန်ရှိသူတွေအနေနဲ့ လာမယ့် သြဂုတ်လ ၄ ရက်နေ့ နောက်ဆုံးထားပြီး တွေ့ဆုံဖြေရှင်းပေးဖို့ တောင်းဆိုထားတာ ကို ပြေလည်အောင်ဆောင်ရွက်ပေးမှာဖြစ်တယ်လို့ ဆရာအတတ်ပညာနဲ့ လေ့ကျင့်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေး မှူးချုပ ်ဒေါက်တာအောင်အောင်မင်းက ပြောပါတယ်။
2017-08-01
မနေ့က ရန်ကုန်လေဆိပ်မှာ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ ဖမ်းဆီးခံလိုက်ရတဲ့ Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းကို မဟာအောင်မြေ မြို့နယ်တရားရုံးက ဒီနေ့ အာမခံနဲ့ ပြန်လွှတ် ပေးလိုက်ပါတယ်။
2017-07-30
ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက စစ်ဘေးဒုက္ခသည် စခန်း ၁၀၀ ကျော်က အခြေခံပညာအဆင့် ကျောင်းသား ကျောင်းသူတွေ အစိုးရကျောင်းတွေမှာ ပြောင်းရွှေ့သင်ကြားခွင့် ရရှိဖို့အတွက် ကျောင်းသား ကျောင်းသူစာရင်းကို ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC က လာမယ့် သြဂုတ်လဆန်းမှာ နိုင်ငံတော်အတိုင်ပင်ခံရုံးထံ ပေး ပို့သွားမယ်လို့ သိရပါတယ်။
2017-07-29
ဇူလိုင်လ ၁၉ ရက်နေ့ကနေ ဒီနေ့ ၂၉ ရက်နေ့အထိ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ရာသီတုပ်ကွေး A(H1N1) ရောဂါ သံသယရှိလူနာ ၁၀၀ ကျော်ရှိပြီး ၄၁ ဦးမှာ ရောဂါပိုးတေ့ွရှိထားသလို သေဆုံးသူ ၇ ဦး အထိရှိနေပြီ ဖြစ်တယ်လို့ သိရပါတယ်။
2017-07-29
ရန်ကုန်တိုင်းဒေသကြီးအတွင်း ရာသီတုတ်ကွေး H1N1 ဖြစ်ပွားနေမှု အခြေအနေတွေနဲ့ ပတ်သက်ပြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ကျန်းမာရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ အရပ်ဖက် အဖွဲ့အစည်းတွေနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးတွေကို ဒီနေ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မှာ ခေါ်ယူတွေ့ဆုံခဲ့ပါတယ်။
2017-07-28
ရန်ကုန်တိုင်း မင်္ဂလာဒုံစက်မှုဇုံ အမှတ် (၂) က ဂျပန်လူမျိုးပိုင် ဟန်နီအထည်ချုပ်စက်ရုံ အလုပ် သမားတွေကိုကူညီနေတဲ့ သွေးစည်းညီညွတ်သော အလုပ်သမားများအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်မျိုးမျိုးအေး ကို စက်ရုံကနစ်နာကြေးအဖြစ် သိန်းပေါင်း ၂ သောင်း ၈ ထောင်ကျော် ရလိုမှုနဲ့ ရှေ့နေ ကနေတဆင့် စာပို့ထားပါတယ်။
2017-07-28
ပြန်ကြားရေးဝန်ကြီးဌာန၊ သတင်းမီဒီယာအဖွဲ့တွေနဲ့ တပ်မတော်တို့ နေပြည်တော်မှာ မနေ့က တွေ့ဆုံဆွေးနွေးခဲ့တာနဲ့ ပတ်သက်လို့ သတင်းမီဒီယာကောင်စီရဲ့ ဒုတိယ ဥက္ကဌ (၁) ဦးအောင်လှထွန်းကို မသင်းသီရိ ဆက်သွယ်မေးမြန်းထားပါတယ်။