မေယုတောင်ကြောမှာ တပ်အင် အားတိုးချဲ့ထားတယ်လို့ ပြော


2017.08.05

ရခိုင်ပြည်နယ် မောင်တောမြို့နယ်ထဲက ကိုင်းကြီးရွာသား ခြောက်ဦးတို့ မနေ့က အကြမ်းဖက်သမားတွေရဲ့ လက်ချက်ကြောင့် သေဆုံးခဲ့ရတဲ့ အတွက် မေယုတောင်ကြောမှာ တပ်မတော်စစ်ကြောင်းတွေ တိုးချဲ့ထားပြီး ရွာထဲမှာလည်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ချထားလိုက်ပါတယ်။

ပြည်နယ်ဝန်ကြီးချုပ်ဦးညီပု ဦးဆောင်ပြီး မောင်တောခရိုင်ရုံးမှာ လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ဒီကနေ့ အရေးပေါ်အစည်းအဝေးလုပ်ခဲ့ပါတယ်။

ဒီအကြောင်းနဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေ ကို RFA သတင်းထောက် ကိုကျော်သူ က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။