ပုဒ်မ ၆၆ (ဂ)နဲ့(ဃ) ဖျက်သိမ်းရေး အမျိုးသားလွှတ်တော်မှာ မဲခွဲရှုံးနိမ့်
2017.08.03
လွှတ်တော်ပြင်ပနိုင်ငံရေးသမားတွေ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေ၊ လူ့အခွင့်အရေးအဖွဲ့တွေ ဝေဖန်ထောက်ပြနေတဲ့ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖျက်သိမ်းရေးအဆိုဟာ အမျိုးသားလွှတ်တော်မှာ ဒီနေ့မဲခွဲဆုံးဖြတ်တဲ့အခါ ထောက်ခံမဲ ၅၉ မ၊ဲ ကန့်ကွက်မဲ ၉၂ မဲ၊ ကြားနေ ၂၃ မဲ၊ ဘာမဲမှမပေးသူက ၁၉ ဦးနဲ့ ရှုံးနိမ့်သွားပြီး၊ ပြင်ဆင်ရေးဘက်က အသာစီးရသွားခဲ့ပါတယ်။
ဒီအခြေအနေနဲ့ပတ်သက်လို့ ပုဒ်မ ၆၆ (ဂ)နဲ့(ဃ)ကို ဖျက်သိမ်းသင့်တယ်လို့ အဆိုတင်သွင်းခဲ့တဲ့ မကွေးတိုင်း မင်းဘူး-စကုနဲ့ပွင့်ဖြူတွေရဲ့ မဲဆန္ဒနယ်အမှတ် (၅) ကိုယ်စားလှယ် ဦးတင်အောင်ထွန်းကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားပါတယ်။