NLD နဲ့ ခေတ်ပြိုင်ပါတီသစ် ပေါ်လာတော့မလား


2017.08.04

၁၉၆၂ ခုနှစ်ကနေ ဒီနေ့အချိန်ထိ အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနဲ့ ဒီမိုကရေစီရေးမှာ ပါဝင်ခဲ့သူတွေနဲ့ တည်ထောင်မယ့် နိုင်ငံရေးပါတီသစ်တရပ်ကို ၈ လေးလုံးမျိုးဆက်တွေ ကမကထလုပ်ပြီး ကြိုးပမ်းနေပါတယ်။

ပါတီသစ်ပေါ်ပေါက်ရေးအတွက်အဆင့် ၃ ဆင့်သတ်မှတ်ထားပြီး၊ အခုဆိုရင် ဒုတိယအဆင့် ရောက်နေပြီဖြစ်သလို၊ မကြာတော့တဲ့ကာလမှာတော့ နိုင်ငံရေးပါတီစစ်စစ်တစ်ခုအဖြစ် ရုပ်လုံးပေါ်လာတော့ မယ်လို့ဆိုပါတယ်။

ဒီကိစ္စတွေနဲ့ပတ်သက်လို့ ဦးဆောင်လှုပ်ရှားသူတစ်ဦးဖြစ်တဲ့ ဦးမင်းဇေယျာကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။