သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-05-26
ပြီးခဲ့တဲ့ မေလ ၂၃ ရက်နေ့ က နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ AI က ရခိုင်ပြည်နယ်မှာ ARSA အဖွဲ့က ဟိန္ဒူဘာသာဝင် ရွာသူ ရွာသား ၉၉ ဦးကို အစုအပြုံလိုက် သတ်ဖြတ်ခဲ့ကြောင်း အစီရင်ခံစာ ထုတ်ပြန်ခဲ့ပါတယ်။
2018-05-26
ရက္ခိုင့်တပ်မတော် AA က အစိုးရတပ်မတော်က စစ်သား ၃ ယောက်ကို သုံ့ပန်းအဖြစ်နဲ့ ဖမ်းမိထားပြီး သူတို့ကို ရှေ့ဆက်ဘယ်လိုလုပ်ပေးမယ်ဆိုတာကို မဆုံးဖြတ်ရသေးဘူးလို့ AA အဖွဲ့ရဲ့ သတင်းပြန်ကြားရေးတာဝန်ခံ ခိုင်သုခ က ပြောပါတယ်။
2018-05-25
တရားရုံးချုပ် ရှေ့နေ ဦးကိုနီနဲ့ အငှားယာဉ်မောင်း ကိုနေဝင်းတို့ အသတ်ခံရတဲ့ အမှုမှာ မနေ့က နှစ်ဖက်ရှေ့နေတွေက လျှောက်လဲချက်ပေးခဲ့ကြ ပါတယ်။ အဓိက အမှုမှာ စွဲချက်တင်ထားတဲ့ ပုဒ်မများပြင်ဆင်ရေးအတွက်ဖြစ်ပါတယ်။
2018-05-25
အမေရိကန်အောက်လွှတ်တော် Russell Senate ရုံး မှာ ကြာသပတေးညနေကကျင်းပတဲ့ မြန်မာ့ စာနယ်ဇင်းလောက အခြေအနေဆွေးနွေးပွဲမှာ တက်ရောက်ပြောဆိုခဲ့တဲ့ မင်နီဆိုးဒါးတက္ကသိုလ် လူ့အခွင့်အရေးဘွဲ့လွန်ကျောင်းသူ မအိမ့်သီရိသူကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် တွေ့ဆုံမေးမြန်း ထားတာ နားဆင်နိုင်ပါတယ်။
2018-05-25
ဘာသာပေါင်းစုံ ပါဝင်ဖွဲ့စည်းထားတဲ့ နိုင်ငံတကာ ငြိမ်းချမ်းရေးအဖွဲ့ဖြစ်တဲ့ Religions For Peace (Myanmar) ငြိမ်းချမ်းမေတ္တာအဖွဲ့က မြန်မာပြည်မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေ၊ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး လေ့လာတွေ့ရှိတဲ့ အချက်တွေကို ပြည်သူတွေသိရှိနိုင်ဖို့ "မြန်မာပြည်သူတွေထံသို့ ပေးစာ" ဆိုတဲ့ သဝဏ်လွှာတစ်စောင်ကို ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။
2018-05-24
ကချင်ပြည်နယ်၊ ဆော့လော်မြို့နယ်အတွင်းက သစ်တန်ချိန် ၁၃ဝဝ ကျော်ကို တရုတ်ပြည်က ကားတွေနဲ့ တရားမဝင် သယ်ဆောင်သွားမှုနဲ့ပတ်သက်ပြီး ကချင်ပြည်နယ်အစိုးရအဖွဲ့က စုံစမ်းမှုတွေလုပ်နေပါတယ်။
2018-05-24
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ရှင်မဒိန်ကျေးရွာအုပ်စု ကူချောင်းဖျားကျေးရွာနားမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA တို့ တိုက်ပွဲတွေကြောင့် ကူချောင်းဖျားကျေးရွာကနေ ဇဉ်ဘောင်းပြင်ကျေးရွာ စာသင်ကျောင်း လာရောက်ခိုလှုံနေကြတဲ့ ဒေသခံ အယောက် ၆ဝ ဝန်းကျင်ဟာ ကျောင်းဖွင့်ခါနီးပြီ ဖြစ်တာကြောင့် တစ်ခြားနေရာမှာ ပြောင်းရွှေ့နေထိုင်နိုင်ဖို့ ကျေးရွာ တာဝန်ရှိသူတွေက ညှိုနှိုင်းနေကြပါတယ်။
2018-05-24
မွန်ပြည်နယ် ရေးမြို့နယ် ကုလားဂုတ်ကျွန်း အလယ်ဆိပ်ရွာမှာ ခမရ ၅၈၇ ခြေမြန်တပ်ရင်းက တပ်မတော်အရာရှိ ဗိုလ်ကြီးတစ်ဦးက ဒေသခံရွာသားတစ်ယောက်ကို သေနတ်နဲ့ ပစ်သတ်ခဲ့တာကြောင့် ရေးမြို့နယ် လမိုင်းနယ်မြေရဲစခန်းမှာ လူသတ်မှုနဲ့ အရေးယူပေးဖို့ အမှုဖွင့်တိုင်ကြားထားပါတယ်။
2018-05-23
ရှစ်လေးလုံး ပြည်သူ့ပါတီရဲ့ ပါတီအမည်၊ အလံ၊ တံဆိပ်တွေအပေါ် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းနဲ့ အခြားနိုင်ငံရေးပါတီတချို့က ကန့်ကွက်ကြောင်း ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်ထံ ပေးပို့ထားတဲ့ စာ ၂၀၀ ခန့်ရှိနေပါတယ်။
2018-05-23
၂၀၁၇ ခုနှစ် ဇွန်လကစပြီး တနိုင်းဒေသမှာ တပ်မတော်နဲ့ KIA တို့ရဲ့ တိုက်ပွဲတွေကြောင့် အင်ဂါးဂါး၊ နန့်ခမ်း၊ ကောင်ဂျား၊ အောင်လော့ဒ်၊ ဆွတ်ရိယန် နဲ့ ဆွတ်ရာ စတဲ့ ကျေးရွာတွေက ဒေသခံတွေဟာ တနိုင်းမြို့က ခရစ်ယာန်အသင်းတော်တွေမှာ လာရောက်ခိုလှုံနေကြတာ အခုဆိုရင် လူဦးရေ ၁၆၀၀ ကျော်လောက် ရှိနေပါတယ်။
2018-05-23
ကချင်ပြည်နယ် ဖားကန့် ကျောက်စိမ်းတွင်းဒေသမှာ ကျောက်စိမ်းတူးဖော်နေတဲ့ ကုမ္ပဏီတွေနဲ့ ဒေသအာဏာပိုင်တွေအကြား လာဘ်ပေးလာဘ်ယူမှုတွေ ရှိနေတာကြောင့် တိုင်းပြည်ရဲ့သဘာဝ သယံဇာတတွေ ပျက်စီးပြုန်းတီးနေရတယ်လို့ ကချင်ပြည်နယ် ဖားကန့်မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးတင့်စိုး က ပြောပါတယ်။
2018-05-23
ပြီးခဲ့တဲ့နှစ် သြဂုတ်လ ၂၅ ရက်နေ့က ရခိုင်ပြည်နယ် မောင်တောမြို့နယ် ခမောင်းဆိပ်ကျေးရွာမှာ ဟိန္ဒူရွာသားတွေကို ပစ်မှတ်ထားပြီး ARSA အဖွဲ့က အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တယ်လို့ မနေ့က ထုတ်ပြန်လိုက်တဲ့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ AI ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
2018-05-23
ARSA အကြမ်းဖက်အဖွဲ့က ရခိုင်ပြည်နယ်က ဟိန္ဒူဘာသာဝင်တွေကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့မှုကို နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ AI က ထုတ်ပြန်လိုက်တဲ့အပေါ် ကြိုဆိုကြောင်း၊ မြန်မာနိုင်ငံအနေနဲ့ ARSA ရဲ့ အကြမ်းဖက်မှုတွေ ပေါ်ပေါက်အောင် ရှေ့ဆက် ပူးပေါင်းဆောင်ရွက်ဖို့ လိုကြောင်း ပြန်ကြားရေးဒုတိယဝန်ကြီး ဦးအောင်လှထွန်း က ပြောပါတယ်။
2018-05-23
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်အတွင်း ပြီးခဲ့တဲ့ဧပြီလ ၂၆ရက်နေ့က တရားမဝင် သစ်သယ်ဆောင်လာသူနှစ်ဦးကို ဖမ်းမိထားရာ ကနေ ပြန်လွှတ်ပေးလိုက်ပြီး ပိုင်ရှင်မဲ့ အဖြစ် ပြောင်းလဲအမှုဖွင့်ဖို့ စီစဉ်ခဲ့တဲ့ကိစ္စနဲ့ ဆက်စပ်ကာ ရဲတပ်ဖွဲ့ဝင် ၅ဦးကို ရဲတရားရုံးမှာ မနေ့က စတင်စစ်ဆေးနေတာဖြစ်ပါတယ်။
2018-05-23
ကရင်ပြည်နယ်မှာ ဇွဲကပင်တောင် အရှေ့ဘက်ခြမ်းကနေ တောင်ပေါ်ကို မြိုင်ကြီးငူဆရာတော်ကြီးက လမ်းဖောက်လုပ်နေတဲ့အတွက် တောင်ကြောတဝိုက် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုတွေ ဖြစ်ပေါ်နေတယ်ဆိုပြီး ကရင်ပြည်နယ် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ သစ်တောဦးစီးဌာနက ပြည်နယ်အစိုးရအဖွဲ့ထံ တင်ပြလာတာကြောင့် ပြည်နယ်ဝန်ကြီးချုပ်ကိုယ်တိုင် မနေ့က ကွင်းဆင်းစစ်ဆေးခဲ့ပါတယ်။