တပ်အရာရှိတစ်ဦးက ရွာသားကို သေနတ်နဲ့ပစ်တဲ့အတွက် အရေးယူ
2018.05.24
မွန်ပြည်နယ် ရေးမြို့နယ် ကုလားဂုတ်ကျွန်း အလယ်ဆိပ်ရွာမှာ ခမရ ၅၈၇ ခြေမြန်တပ်ရင်းက တပ်မတော်အရာရှိ ဗိုလ်ကြီးတစ်ဦးက ဒေသခံရွာသားတစ်ယောက်ကို သေနတ်နဲ့ ပစ်သတ်ခဲ့တာကြောင့် ရေးမြို့နယ် လမိုင်းနယ်မြေရဲစခန်းမှာ လူသတ်မှုနဲ့ အရေးယူပေးဖို့ အမှုဖွင့်တိုင်ကြားထားပါတယ်။
အဲဒီအမှုနဲ့ ပတ်သက်ပြီး ရေးမြို့နယ်ရဲတပ်ဖွဲ့ ရဲမှူး မြင့်ဝင်းကို RFA သတင်းထောက် ကိုကျော်သူက ဆက်သွယ်မေးမြန်းထားပါတယ်။