တနိုင်း စစ်ပြေးဒုက္ခသည်ကိစ္စ မေးမြန်းချက်


2018.05.23

၂၀၁၇ ခုနှစ် ဇွန်လကစပြီး တနိုင်းဒေသမှာ တပ်မတော်နဲ့ KIA တို့ရဲ့ တိုက်ပွဲတွေကြောင့် အင်ဂါးဂါး၊ နန့်ခမ်း၊ ကောင်ဂျား၊ အောင်လော့ဒ်၊ ဆွတ်ရိယန် နဲ့ ဆွတ်ရာ စတဲ့ ကျေးရွာတွေက ဒေသခံတွေဟာ တနိုင်းမြို့က ခရစ်ယာန်အသင်းတော်တွေမှာ လာရောက်ခိုလှုံနေကြတာ အခုဆိုရင် လူဦးရေ ၁၆၀၀ ကျော်လောက် ရှိနေပါတယ်။

အဲဒီ စစ်ဘေးတိမ်းရှောင်လာသူတွေဟာ စားဝတ်နေရေး၊ ပညာရေးနဲ့ လူမှုဘဝလုံခြုံရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့အတွက် တရားဝင်စခန်းတွေ အမြန်ဆုံးစီစဉ်ပေးဖို့ဆိုပြီး တနိုင်းမြို့နယ် ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တွေက ပြည်ထောင်စုအစိုးရထံ မနေ့က စာပေးပို့တောင်းဆိုလိုက်ပါတယ်။

အဲဒီကိစ္စနဲ့ ပတ်သက်ပြီး တနိုင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလင်းလင်းဦး ကို RFA သတင်းထောက် မသီရိမင်းဇင် က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။