ဇွဲကပင် လမ်းဖောက်လုပ်မှု ဆက်သွယ်မေးမြန်းချက်
2018.05.23
ကရင်ပြည်နယ်မှာ ဇွဲကပင်တောင် အရှေ့ဘက်ခြမ်းကနေ တောင်ပေါ်ကို မြိုင်ကြီးငူဆရာတော်ကြီးက လမ်းဖောက်လုပ်နေတဲ့အတွက် တောင်ကြောတဝိုက် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုတွေ ဖြစ်ပေါ်နေတယ်ဆိုပြီး ကရင်ပြည်နယ် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ သစ်တောဦးစီးဌာနက ပြည်နယ်အစိုးရအဖွဲ့ထံ တင်ပြလာတာကြောင့် ပြည်နယ်ဝန်ကြီးချုပ်ကိုယ်တိုင် မနေ့က ကွင်းဆင်းစစ်ဆေးခဲ့ပါတယ်။
ကျောက်တောင်တွေ အက်နေတာကို တွေ့ရတဲ့အတွက် လမ်းဖောက်လုပ်မှုကို ပြန်လည်သုံးသပ်ဖို့ ပြည်နယ်အစိုးရအဖွဲ့က လမ်းဖောက်လုပ်နေသူတွေနဲ့ ညှိနှိုင်းထားယ်လို့ ကရင်ပြည်နယ်အစိုးရအဖွဲ့ မွန်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးမင်းတင်ဝင်း က ပြောပါတယ်။
ဝန်ကြီး ဦးမင်းတင်ဝင်း ကို RFA သတင်းထောက် မသီရိမင်းဇင် က ဆက်သွယ်မေးမြန်းထားပါတယ်။