ပလက်ဝမြို့နယ်မှာ တပ်မတော်နဲ့ အေအေ တိုက်ပွဲဖြစ်


2018.05.24

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ရှင်မဒိန်ကျေးရွာအုပ်စု ကူချောင်းဖျားကျေးရွာနားမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA တို့ တိုက်ပွဲတွေကြောင့် ကူချောင်းဖျားကျေးရွာကနေ ဇဉ်ဘောင်းပြင်ကျေးရွာ စာသင်ကျောင်း လာရောက်ခိုလှုံနေကြတဲ့ ဒေသခံ အယောက် ၆ဝ ဝန်းကျင်ဟာ ကျောင်းဖွင့်ခါနီးပြီ ဖြစ်တာကြောင့် တစ်ခြားနေရာမှာ ပြောင်းရွှေ့နေထိုင်နိုင်ဖို့ ကျေးရွာ တာဝန်ရှိသူတွေက ညှိုနှိုင်းနေကြပါတယ်။

စစ်ဘေးရှောင်တွေကို အကူအညီပေးနေတဲ့ ပလက်ဝမြို့နယ် လူမှုကူညီရေး ပရဟိတအဖွဲ့က တာဝန်ရှိသူတစ်ဦးကို RFA သတင်းထောက် မသီရိမင်းဇင်က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။