သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-08-19
၁၉၆၂ ခုနှစ်က မိုင်းခွဲဖျက်ဆီးခံခဲ့ရတဲ့ ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ အဆောက်အအုံ ပြန်လည် တည်ဆောက်ရေးအတွက် အစိုးရဘက်က ဦးဆောင်ပြီးဆောင်ရွက်တော့မှာ မဟုတ်တော့ဘဲ ပံ့ပိုးကူညီမှုသာ ဆောင် ရွက်တော့မယ်လို့ သဘောထားပေးတာကြောင့် တည်ဆောက်ရေးလုပ်ငန်းဆွေးနွေး မှုတွေကို အသစ်ကနေ ပြန် လည်ဆောင်ရွက်ဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။
2017-08-18
မြန်မာနိုင်ငံက ပြည်ပအလုပ်သမား ဝန်ဆောင်မှု အသင်းချုပ်ဟာ ပြီးခဲ့တဲ့ရက်က စင်္ကာပူမှာ ရှိတဲ့ မြန်မာအလုပ်သမား အေဂျင်စီအဖွဲ့တွေ နဲ့ တွေ့ဆုံပြီး စင်္ကာပူရောက် မြန်မာအလုပ် သမားတွေအရေး ဆွေးနွေးခဲ့ကြပါတယ်။
2017-08-18
The Voice သတင်းစာအယ်တီတာချုပ် ဦးကျော်မင်းဆွေ အပေါ်မှာ စွဲဆိုထားတဲ့ အမှု ၂ မှုကို တပေါင်းတည်း စစ်ဆေးဖို့လျှောက်ထားချက်ကို ဗဟန်းတရားရုံးက ပယ်ချလိုက်တာဟာ ဥပဒေနဲ့ ညီညွတ်မှု့မရှိဘူးလို့ ဦးကျော်မင်းဆွေရဲ့ အကျိုးဆောင်ရှေ့နေ ဦးခင်မောင်မြင့်က ပြောပါတယ်။
2017-08-17
ကချင်ပြည်နယ် နမ္မတီးမှာ စစ်ဘေးဒုက္ခသည် ၁ ထောင်ကျော်နေပြီဖြစ်သလို၊ ပမ္မတီးမှာလည်း ၇၀ ကျော် ရှိနေပြီး၊ စခန်းတခုမှာ ကလေးတွေ ဝမ်းရောဂါဖြစ်နေတယ်လို့လည်း သိရပါတယ်။
2017-08-16
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူရပ်ကွက် (၂) က ရှမ်းကုန်းပျံကျဈေးမှာ ဒီကနေ့ မနက်ပိုင်းက ၂ နာရီ ကျော်ကြာ မီးလောင်မှုဖြစ်ပွားခဲ့ တာကြောင့် နေအိမ် ၁၁ လုံး မီးထဲပါသွားခဲ့ပါတယ်။
2017-08-16
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဥက္ကဌဟောင်း ဦးအောင်ရွှေရဲ့ ဈာပန အခမ်းအနားကို သြဂုတ်လ ၁၇ ရက်နေ့ မနက်ဖြန် မနက် ၁၀နာရီ ရန်ကုန်မြို့ ရေဝေးသုသာန်မှာ ပါတီက ဦးဆောင် ပြုလုပ်မှာဖြစ်ပြီး နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို တက်ရောက်ဖို့ ဖိတ်ကြားထားပါတယ်။
2017-08-15
၈၈ မျိုးဆက်တွေအဓိက ပါဝင်ဖွဲ့စည်းမယ့် နိုင်ငံရေး ပါတီဖြစ်မြောက်ရေးအတွက် ဗဟိုစည်းရုံးရေးကော် မတီက ပထမဆုံးအဖြစ် ဒီနေ့ ပုသိမ်မြို့မှာ ဧရာဝတီတိုင်းစည်းရုံးကော်မတီကို သွားရောက် ဖွဲ့စည်းခဲ့ပါတယ်။
2017-08-15
ချင်းတွင်းမြစ်ရေ မြင့်တက်မှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်က ရပ်ကွက်/ကျေးရွာပေါင်း ၂၇ ခုမှာ ရေတွေဝင်ရောက်နေပြီး လူဦးရေ ၂၅၀၀ ဟာ ရေဘေးလွတ်ရာနေရာတွေကို ပြောင်းရွှေ့နေကြရပါတယ်။
2017-08-15
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ လတ်တလောဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး နိုင်ငံရေး ပါတီ(၂၀) က တောင်းဆို ချက် ၄ ချက်ပါဝင်တဲ့ ပူးတွဲကြေညာ ချက်ထုတ်ပြန် လိုက်ပါတယ်။
2017-08-15
အနည်းဆုံး တနေ့ လုပ်ခလစာ သတ်မှတ်တဲ့ဥပဒေ မှာ ၂ နှစ်ကိုတကြိမ် ပြင်ဆင်ရမယ်လို့ပါရှိတဲ့အတွက် သက်တမ်းပြည့်တော့မှာဖြစ်လို့၊ လက်ရှိပြဌာန်းထား တဲ့ တနေ့လုပ်ခ ၃၆၀၀ ကို ၅၆၀၀ အဖြစ်ပြင် ဆင်ပေးဖို့ အပါအဝင် အချက် ၅ ချက်ကို အလုပ် သမား ၄ ထောင်နီးပါးက ပြီးခဲ့တဲ့ရက်က ရန်ကုန် တိုင်း လှိုင်သာယာမြို့နယ်မှာ ချီတက်တောင်းဆို ခဲ့ကြပါတယ်။
2017-08-15
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်အတွင်းက ကဆုန့်ကျေးရွာအနီးမှာ တပ်မတော်နဲ့ ကေအိုင်အေ တပ်ရင်း ၁၁ တို့ အခုလ ၁၀ ရက်နေ့ကစတင်ပြီး တိုက်ပွဲဖြစ်ပွားခဲ့ တာကြောင့် ကဆုန့်ကျေးရွာက ဒေသခံတွေဟာ ရွာလုံး ကျွတ် နမ္မတီးမြို့နဲ့ လမ်းဂွကျေးရွာက ခရစ်ယာန်ဘုရားရှိခိုးကျောင်းတွေမှာ ထွက်ပြေးတိမ်းရှောင်နေကြ ရပါတယ်။
2017-08-14
ပြည်သူအများစုက ရာသီတုပ်ကွေး H1N1 နဲ့ ကြက် ငှက်တုပ်ကွေး H5N1 ရောဂါတွေကို ကွဲကွဲပြားပြား မသိရှိတာကြောင့် ကြက်သားနဲ့ ကြက်ဥ စားသုံး တာတွေ လျော့ကျသွားတဲ့အတွက် ကြက်မွေးမြူရေး လုပ်ငန်းရှင်တွေ နလန်မထူနိုင်အောင်ဖြစ်နေတယ် လို့ မြန်မာနိုင်ငံမွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ် တွဲဖက်အတွင်းရေးမှူး ဒေါက်တာနေသူရိန် က ပြောပါတယ်။
2017-08-13
ရှမ်းပြည်နယ် နမ့်ခမ်းမြို့နယ်၊ ကောင်းဝိုင်းရွာအနီးမှာ အစိုးရတပ်မတော်နဲ့ တအာင်းလွတ်မြောက်ရေး တပ်မတော် TNLA တို့ ဒီနေ့မနက်အစောပိုင်းမှာ တိုက်ပွဲဖြစ်ပွားတာကြောင့် ရွာထဲကိုလက်နက်ကြီး ကျခဲ့ပြီး အရပ်သားလေးယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
2017-08-12
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်မှာ မတည် ငြိမ်မှုတွေ ဖြစ်နေတာကြောင့် ကျေးရွာအုပ်စုပေါင်း ၁၁ ခုမှာ ည ၉ နာရီကနေ မနက် ၅ နာရီအထိ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက် ပါတယ်။
2017-08-12
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ် နမ္မတီးမြို့ ကဆုတ်ကျေးရွာအနီးမှာ တပ်မတော်နဲ့ ကေအိုင်အေတပ်ရင်း ၁၁ တို့ မနေ့က စတင်ပြီး တိုက်ပွဲဖြစ်ပွားတာကြောင့် ကဆုတ်ကျေးရွာက ဒေသခံ ၆၀၀ ကျော်ဟာ ရွာနဲ့ ၁၁ မိုင်ခန့်ဝေးတဲ့ နမ္မတီးမြို့ပေါ်ကို ထွက်ပြေးလာကြပါတယ်။