ခန္တီးမှာ ချင်းတွင်းမြစ်ရေတက်
2017.08.15
ချင်းတွင်းမြစ်ရေ မြင့်တက်မှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်က ရပ်ကွက်/ကျေးရွာပေါင်း ၂၇ ခုမှာ ရေတွေဝင်ရောက်နေပြီး လူဦးရေ ၂၅၀၀ ဟာ ရေဘေးလွတ်ရာနေရာတွေကို ပြောင်းရွှေ့နေကြရပါတယ်။
စာသင်ကျောင်းတွေလည်း ပိတ်ထားရသလို လယ်မြေတွေလည်း ရေတွေဖုံးလွှမ်းနေတယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဦးစီးဌာန ဦးစီးမှူး ဦးစဝီလီဖရန့်စ် က ပြောပါတယ်။ ဦးစဝီလီဖရန့်စ် ကို RFA သတင်းထောက် မသီရိမင်းဇင် က ဆက်သွယ်မေးမြန်းထားပါတယ်။