တပ်မတော်နဲ့ TNLA တိုက်ပွဲကြောင့် ဒေသခံ ၄ ဦး ဒဏ်ရာရ
2017.08.13
ရှမ်းပြည်နယ် နမ့်ခမ်းမြို့နယ်၊ ကောင်းဝိုင်းရွာအနီးမှာ အစိုးရတပ်မတော်နဲ့ တအာင်းလွတ်မြောက်ရေး တပ်မတော် TNLA တို့ ဒီနေ့မနက်အစောပိုင်းမှာ တိုက်ပွဲဖြစ်ပွားတာကြောင့် ရွာထဲကိုလက်နက်ကြီး ကျခဲ့ပြီး အရပ်သားလေးယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ဒဏ်ရာရရှိသူတွေကို ကူညီပေးနေတဲ့ နမ့်ခမ်းမြို့နယ် တအာင်းစာပေနဲ့ယဉ်ကျေးမှုအဖွဲ့ ဥက္ကဌ ဦးမြင့်ကျော် ကို RFA သတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။