ကြက်သားနဲ့ ကြက်ဥ စားသုံးသူတွေ လျော့နည်း
2017.08.14
ပြည်သူအများစုက ရာသီတုပ်ကွေး H1N1 နဲ့ ကြက်ငှက်တုပ်ကွေး H5N1 ရောဂါတွေကို ကွဲကွဲပြားပြား မသိရှိတာကြောင့် ကြက်သားနဲ့ ကြက်ဥ စားသုံးတာတွေ လျော့ကျသွားတဲ့အတွက် ကြက်မွေးမြူရေး လုပ်ငန်းရှင်တွေ နလန်မထူနိုင်အောင်ဖြစ်နေတယ်လို့ မြန်မာနိုင်ငံမွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ် တွဲဖက်အတွင်းရေးမှူး ဒေါက်တာနေသူရိန် က ပြောပါတယ်။
ဒေါက်တာနေသူရိန်ကို RFA သတင်းထောက် မဇာဏီထွဏ်း က ဆက်သွယ်မေးမြန်းထားပါတယ်။