လုပ်ခလစာ သတ်မှတ်တဲ့ ဥပဒေ
2017.08.15
အနည်းဆုံး တနေ့ လုပ်ခလစာ သတ်မှတ်တဲ့ဥပဒေမှာ ၂ နှစ်ကိုတကြိမ် ပြင်ဆင်ရမယ်လို့ပါရှိတဲ့အတွက် သက်တမ်းပြည့်တော့မှာဖြစ်လို့၊ လက်ရှိပြဌာန်းထားတဲ့ တနေ့လုပ်ခ ၃၆၀၀ ကို ၅၆၀၀ အဖြစ်ပြင်ဆင်ပေးဖို့ အပါအဝင် အချက် ၅ ချက်ကို အလုပ်သမား ၄ ထောင်နီးပါးက ပြီးခဲ့တဲ့ရက်က ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်မှာ ချီတက်တောင်းဆိုခဲ့ကြပါတယ်။
ဒါနဲ့ပတ်သက်လို့ We Generation အလုပ်သမားအဖွဲ့ခေါင်းဆောင် ကိုနန္ဒာစစ်အောင်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားပါတယ်။