သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-08-27
မောင်တောမြို့မှာ အကြမ်းဖက်မှုတွေ ဖြစ်ပွားနေတဲ့ အတွက် ရခိုင်တိုင်းရင်းသား ရပ်ကွက်တွေမှာ နေထိုင်သူတွေဟာ မောင်တောမြို့ သာသနာ့ ဗိမာန်မှာ ခိုလှုံနေကြရပါတယ်။
2017-08-27
ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ ရက်နေ့က မောင်တောမြို့နယ်၊ နံ့သာတောင်ကျေးရွာက ရဲကင်းစခန်းကို အစွန်းရောက် အကြမ်းဖက်သမားတွေ ဝင်ရောက်တိုက်ခိုက်ပြီးနောက် ဒေသခံတွေဟာ မောင်တော မြို့နယ် တောင်ပြိုလက်ဝဲမြို့ကို ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။
2017-08-27
မောင်တောမြို့နယ်၊ ကြိမ်ချောင်းကျေးရွာအနီးမှာ ဒီနေ့မနက် ၁၀ နာရီလောက်က အစိုးရ တပ်မတော်က လုံခြုံရေးယူနေတုန်းမှာ လက်လုပ်မိုင်းပေါက်ကွဲခဲ့တာကြောင့် တပ်မတော်သား နှစ်ဦးထိခိုက်ဒဏ်ရာ ရရှိသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။
2017-08-26
အစွန်းရောက် အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက် မှုတွေကြောင့် ရခိုင်ပြည်နယ် မောင်တောမြို့ နယ် ဝေသာလီ၊ သုံးမိုင်၊ ရွှေရင်အေး၊ ဗောဓိကုန်း၊ အလယ်ရွာ၊ ခရေမြိုင် စတဲ့ ကျေးရွာတွေက ဒေသ ခံတွေဟာ ရွာလုံးကျွတ်နေရပ်စွန့်ခွာပြီး လေးမိုင်ကျေး ရွာမှာ ပြောင်းရွှေ့နေကြပါတယ်။
2017-08-26
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ လောင်းဒုံကျေးရွာမှာ ပညာရေး ဝန်ထမ်း ၁၄ ဦးဟာ လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေနဲ့အတူ ရှိနေပေမယ့် နေရပ်ပြန်ဖို့ အခက်အခဲဖြစ်နေပါတယ်။
2017-08-26
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်က ကျေးရွာတချို့မှာ အစွန်းရောက် အကြမ်းဖက်သမားတွေနဲ့ သာမန်အရပ်သားတွေကို အလွယ်တကူခွဲခြားမသိနိုင်သလို ရွာတွေထဲမှာ မျက်နှာဖုံးအုပ်ထားပြီး တုတ်၊ ဓားကိုင်ဆောင်ထားသူတွေ ရှိနေတာကြောင့် အဲဒီရွာတွေကို လုံခြုံရေး တပ်ဖွဲ့ဝင်တွေနဲ့ တပ်မတော်စစ်ကြောင်းက စောင့်ကြည့်နေတယ်လို့ ရသေ့တောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သူ က ပြောပါတယ်။
2017-08-26
ရခိုင်ပြည်နယ် မောင်တောမြို့ပေါ်က မြို့သူကြီး ရပ်ကွက်နဲ့ ရပ်ကွက် ၅ တို့မှာ ဒီကနေ့ မနက်ပိုင်းက အစွန်းရောက် အကြမ်းဖက်သမားတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကြား ပစ်ခတ်မှုတွေ ထပ်မံဖြစ်ပွားခဲ့ပါတယ်။
2017-08-26
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်၊ ရသေ့တောင်မြို့နယ်နဲ့ မောင်တောမြို့နယ်အတွင်းက လုံခြုံရေးဆောင်ရွက်နေတဲ့ ရဲကင်းစခန်းတွေကို ဒီနေ့မနက် တစ်နာရီကစပြီး အစွန်းရောက် အကြမ်းဖက်သမားတွေက တပြိုင်နက်တည်း ဝင်ရောက် အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။
2017-08-26
ကချင်လွတ်လပ်ရေးအဖွဲ့ KIO၊ ရခိုင့်အမျိုးသားအဖွဲ့ချုပ် ULA၊ ဝပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP၊ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP အစရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ပါဝင်ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းမှုကော်မတီ FPNCC ဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၁၈ ရက်နေ့ကနေ ၂၄ ရက်နေ့အထိ ပန်ခမ်းမြို့မှာ အစည်းအဝေးကျင်းပခဲ့ပါတယ်။
2017-08-25
ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်း တိုက်ခိုက်ခံ ရတဲ့ ကင်းစခန်းပေါင်း ၃၀ ရှိခဲ့ပြီး နှစ်ဖက် အသေ အပျောက်တွေ တော်တော်ရှိတယ်လို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေက ပြော ပါတယ်။
2017-08-25
ရခိုင်ပြည်နယ် မောင်တောဒေသမှာ သောကြာနေ့ မနက်စောစောပိုင်းက ရဲစခန်းတွေ အကြမ်းဖက် တိုက်ခိုက်ခံရပြီးနောက်ပိုင်း ဒေသခံတချို့ လုံခြုံရေးစိုးရိမ်ပြီး မြို့ပေါ်ကို ပြောင်းရွှေ့နေကြပါတယ်။
2017-08-24
မြန်မာနိုင်ငံမှာစိုက်ပျိုးနေတဲ့ ပဲစင်းငုံ၊ မတ်ပဲနဲ့ ပဲတီစိမ်းတို့ဟာ အိန္ဒိယနိုင်ငံဈေးကွက်ကို အဓိကထားတင်ပို့နေရတာဖြစ်ပြီး တစ်နှစ်ကို တန်ချိန်(၁)သန်းခွဲအထိ တင်ပို့နေရတာဖြစ်ပါတယ်။
2017-08-24
မကွေးတိုင်းဒေသကြီးထဲမှာ ရေနံမြေကြောအသစ်နှစ်ခုကို ရှာဖွေတွေ့ရှိထားတယ်လို့ မကွေးတိုင်း ဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ပြောပါတယ်။
2017-08-24
ရန်ကုန်တိုင်းဒေသကြီး တောင်ဒဂုံမြို့နယ် ၂၆ ရပ်ကွက် ပြည်ထောင်စုလမ်းသွယ်မှာ စက်သုံးဆီ တင်ဆောင်လာတဲ့ ဘောက်ဆာယာဉ်တစီးကို ကွန်တိန်နာတစီးက အနောက်ကနေ တိုက်မီးပြီး မီးလောင်မှုဖြစ်ပွားခဲ့ရာမှာ ရပ်ကွက်နေအိမ်အချို့ပါ မီးလောင်ကျွမ်းခဲ့ပါတယ်။
2017-08-23
မြန်မာနဲ့ အိန္ဒိယနယ်စပ် မီဇိုယမ်ပြည်နယ်အနီး ရခိုင်ပြည်နယ် ဘက်ခြမ်းမှာရှိတဲ့ ALP ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ဌာနချုပ်ကို AA ရခိုင့်တပ်မတော်က ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် ၄ယောက်ကျဆုံးခဲ့ပြီး ဒီနေ့ မနက်ပိုင်းက ဌာနချုပ်စခန်းကို ဆုံးရှုံးလိုက်ရတယ်လို့ ALP ဒုဥက္ကဌ ခိုင်စိုးနိုင်အောင်က ပြောပါတယ်။