မြန်မာ့ပဲဈေးကွက် ရပ်ဆိုင်းထားရတဲ့အကြောင်း မေးမြန်းချက်


2017.08.24

မြန်မာနိုင်ငံမှာစိုက်ပျိုးနေတဲ့ ပဲစင်းငုံ၊ မတ်ပဲနဲ့ ပဲတီစိမ်းတို့ဟာ အိန္ဒိယနိုင်ငံဈေးကွက်ကို အဓိကထားတင်ပို့နေရတာဖြစ်ပြီး တစ်နှစ်ကို တန်ချိန်(၁)သန်းခွဲအထိ တင်ပို့နေရတာဖြစ်ပါတယ်။ ဒီလထဲမှာ ပဲစင်းငုံတန်ချိန်၂ သိန်း၊ ပဲတီစိမ်းနဲ့ မတ်ပဲတန်ချိန် ၃ သိန်းသာ ဝယ်ယူတော့မယ်လို့ အိန္ဒိယနိုင်ငံက ကန့်သတ်လိုက်တဲ့အတွက် မြန်မာနိုင်ငံရဲ့ ပဲဈေးကွက် အထိနာခဲ့ပြီး တစ်နိုင်ငံလုံးက ကုန်စည်ဒိုင်တွေမှာ ပဲအရောင်းအဝယ် ရပ်ဆိုင်းထားရပါတယ်။

ပဲအရောင်းအဝယ်တွေကို ယာယီရပ်နားထားတာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း ဒုတိယဥက္ကဌ ဦးစိုင်းဘဉာဏ်ကို RFA သတင်းထောက် မသက်စုအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။