မောင်တောမြို့မှာ ပစ်ခတ်မှုထပ်မံဖြစ်ပွား
2017.08.26
ရခိုင်ပြည်နယ် မောင်တောမြို့ပေါ်က မြို့သူကြီး ရပ်ကွက်နဲ့ ရပ်ကွက် ၅ တို့မှာ ဒီကနေ့ မနက်ပိုင်းက အစွန်းရောက် အကြမ်းဖက်သမားတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကြား ပစ်ခတ်မှုတွေ ထပ်မံဖြစ်ပွားခဲ့ပါတယ်။ လူနေ ရပ်ကွက်တွေထဲကနေ လုံခြုံရေးတပ်ဖွဲ့တွေကို ပစ်ခတ်တဲ့အတွက် အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တာလို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေမှူး ဦးတင်မောင်ဆွေက ပြောပါတယ်။
ဦးတင်မောင်ဆွေ ကို RFA သတင်းထောက် ကိုကျော်စိုးလင်းက ဆက်သွယ်မေးမြန်းထားပါတယ်။