မောင်တောမြို့နယ်၊ ကြိမ်ချောင်းကျေးရွာမှာ စားနပ်ရိက္ခာလိုအပ်


2017.08.27

မောင်တောမြို့နယ်၊ ကြိမ်ချောင်းကျေးရွာအနီးမှာ ဒီနေ့မနက် ၁၀ နာရီလောက်က အစိုးရ တပ်မတော်က လုံခြုံရေးယူနေတုန်းမှာ လက်လုပ်မိုင်းပေါက်ကွဲခဲ့တာကြောင့် တပ်မတော်သား နှစ်ဦးထိခိုက်ဒဏ်ရာ ရရှိသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

ကြိမ်ချောင်းကျေးရွာမှာ ဒေသခံတွေအတွက် စားနပ်ရိက္ခာအကူအညီတွေ လိုအပ်နေတယ်လို့လည်း ကြိမ်ချောင်းရွာသူ ဒေါ်သန်းသန်းဌေးက ပြောပါတယ်။

ကြိမ်ချောင်းရွာသူ ဒေါ်သန်းသန်းဌေးကို RFA သတင်းထောက် မဝေမာထွန်းက ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။