မောင်တောမြို့နယ်မှာ အစားအသောက်ပြတ်လပ် မှုတွေကြုံတွေ့နေရ


2017.08.26

အစွန်းရောက် အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုတွေကြောင့် ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဝေသာလီ၊ သုံးမိုင်၊ ရွှေရင်အေး၊ ဗောဓိကုန်း၊ အလယ်ရွာ၊ ခရေမြိုင် စတဲ့ ကျေးရွာတွေက ဒေသခံတွေဟာ ရွာလုံးကျွတ်နေရပ်စွန့်ခွာပြီး လေးမိုင်ကျေးရွာမှာ ပြောင်းရွှေ့နေကြပါတယ်။

ဈေးတွေပိတ်ထားတာကြောင့် ဒေသခံတွေ အစားအသောက်တွေ ဝယ်ယူလို့မရဘဲ အစားအသောက်ပြတ်လပ်မှု တွေကြုံတွေ့နေရပြီး အကူအညီတွေလိုအပ်နေတယ်လို့ ဝေသာလီကျေးရွာသား ဦးဝင်းမောင် က ပြောပါတယ်။

ဝေသာလီကျေးရွာသား ဦးဝင်းမောင်ကို RFA သတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။