သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-02-03
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့အတွက် အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့က မြန်မာသံရုံး ပထမအတွင်းဝန် ဦးမောင်မောင်လတ်ဟာ အလုပ်ကနေ နုတ်ထွက်ထွက်ပြီး နိုင်ငံရေးခိုလှုံခွင့် တောင်းခံလိုက်ပါတယ်။
2021-02-03
လက်ရှိ စစ်တပ်ကအာဏာသိမ်းပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ သမ္မတဦးဝင်းမြင့် အပါအဝင် NLD ပါတီတာဝန်ရှိသူတွေ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို အမြန်ဆုံးလွှတ်ပေးဖို့နဲ့ ၂၀၂ဝ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုဖို့ NLD ပါတီ ဗဟိုကော်မတီဝင် ဦးဖြိုးဇေယျာသော်က ပြောပါတယ်။
2021-02-03
NLD ပါတီရဲ့ သဘာပတိ ဦးဝင်းထိန်က ဖေဖော်ဝါရီလ ၃ ရက်နေ့ မနက်ပိုင်းမှာ စည်ပင်ဧည့်ရိပ်သာကို ရောက်လာပြီး လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံစကားပြောခဲ့ပါတယ်။
2021-02-03
ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးထိုးမယ့် လုပ်ငန်းတွေ အပြောင်းအလဲမရှိဘဲ အရင်သတ်မှတ်ထားတဲ့အတိုင်း ထိုးပေးသွားမယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ပြောခွင့်ရှိသူ ဒေါက်တာ ခင်ခင်ကြီးက RFA ကို ဒီကနေ့ ပြောပါတယ်။
2021-02-02
ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဦးမြင့်မောင်နဲ့ ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစောလုကာတို့ကို ဒီနေ့မနက် တပ်က ပြန်လွှတ်ပေးလိုက်ပါတယ်။
2021-02-02
ရွေးကောက်ပွဲရလဒ်ကို ဆန့်ကျင်ပြီး တပ်မတော်က အာဏာသိမ်းတာကို လက်မခံနိုင်ကြောင်း ပြည်သူတွေက အကြမ်းမဖက်ပဲ တည်တည်ငြိမ်ငြိမ် ထုတ်ဖော်ပြသဖို့ လိုအပ်တယ်လို့ နေပြည်တော် စည်ပင်ဧည့်ရိပ်သာမှာ ထိန်းသိမ်းခံနေရတဲ့ NLD ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ပြောပါတယ်။
2021-02-02
ဒီနေ့မနက် ၁ဝ နာရီခွဲက အစိုးရနေအိမ် ပြန်ရောက်လာတဲ့ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် ကို ဦးခင်မောင်စိုး က အခုလို ဆက်သွယ်မေးမြန်းထားပါတယ်။
2021-02-01
နေပြည်တော် လွှတ်တော်စည်ပင်ရိပ်သာမှာ ပိတ်မိနေတဲ့ NLD ပါတီ မန္တလေးတိုင်း စဉ့်ကိုင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဝင်းမြမြကို RFA အဖွဲ့သူ မခင်ခင်အိက မနေ့ညပိုင်းက ဆက်သွယ်မေးမြန်းထားပါတယ်။
2021-02-01
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ရဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသီဟကျော်ကို RFAက ဆက်သွယ်မေးမြန်းထားတာ ဖြစ်ပါတယ်။
2021-01-31
NLD ခေါင်းဆောင်တွေ၊ ဒီမိုကရေစီအင်အားစုတွေ၊ ကျောင်းသားခေါင်းဆောင်ဟောင်းတွေကို ပြီးခဲ့တဲ့ နာရီပိုင်းတွေမှာ စစ်တပ်က ဖမ်းလိုက်ပါတယ်။ NLD ပြန်ကြားရေးအဖွဲ့ဝင် မုံရွာအောင်ရှင်ကိုတော့ မနက် ၄ နာရီလောက်မှာ စစ်ဝတ်စုံနဲ့လူတွေ လာဖမ်းသွားတယ်လို့ ဇနီးသည် ဒေါ်ကေသွယ်မိုးက ပြောပါတယ်။
2021-01-30
မြန်မာနိုင်ငံမှာ လတ်တလော ဖြစ်ပေါ်နေတဲ့ အစိုးရနဲ့ တပ်မတော်ကြား နိုင်ငံရေးတင်းမာမှုတွေနဲ့ ပတ်သက်ပြီး တပ်မတော်က တကယ်ပဲ အာဏာသိမ်းနိုင်ခြေရှိလား၊ အာဏာသိမ်းရင်ရော အရပ်ဘက်၊ စစ်ဘက် ဆက်ဆံရေးအခြေအနေတွေ ဘယ်ဖြစ်လာနိုင်ခြေရှိလဲဆိုတာ ဆွီဒင်နိုင်ငံအခြေစိုက် ဥပဒေ ပညာရှင် ရှေ့နေ ဦးအောင်ထူးကို RFA သတင်းထောက် ကိုနေမျိုးထွန်းက ဆက်သွယ်မေးမြန်းထားပါတယ်။
2021-01-29
တပ်မတော်ဘက်က ဘာလိုချင်တာဆိုတာကို တိတိကျကျ မပြောနိုင်ဘဲ ဖြစ်နိုင်ခြေရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေပဲ ပြောနေတာကြောင့် ဖြေရှင်းပေးလို့ မရနိုင်ဘူးလို့ NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောလိုက်ပါတယ်။
2021-01-27
ကိုဗစ်ရှီး(CoviShield)လို့ ခေါ်တဲ့ ကိုဗစ်ကာကွယ်ဆေးကို မြန်မာနိုင်ငံက မနေ့က စတင် ထိုးပေးခဲ့ပါတယ်။ အိန္ဒိယနိုင်ငံကနေ တစ်သန်းခွဲ လက်ဆောင်ပေးခဲ့တဲ့ ကိုဗစ်ရှီး ကာကွယ်ဆေးကို ဘယ်နှစ်ကြိမ် ထိုးသင့်သလဲ။ ထိုးသင့်တဲ့အထဲမှာ ဘယ်လိုလူတွေ ပါဝင်သလဲ။
2021-01-27
ဗကသများ အဖွဲ့ချုပ် ဒုဥက္ကဋ္ဌဟောင်း ကိုလင်းထက်နိုင်ဟာ ထောင်ဒဏ်စေ့ပြီး အင်းစိန်ထောင်ကနေ ဒီနေ့ ပြန်လွတ်လာပါတယ်။ သူ့ဟာ ၂၀၁၅ ပညာရေး ပြုပြင်ပြောင်းလဲရေးသပိတ်အပြီး မှတ်ပုံတင်အတုနဲ့ တိမ်းရှောင်နေခဲ့လို့ဆိုတဲ့အမှုနဲ့ ၅ နှစ်အကြာ၊ ၂၀၂၀ သြဂုတ်လမှာ ထောင် ၆ လချခံရတာဖြစ်ပါတယ်။