ကိုဗစ်ကာကွယ်ဆေးထိုးမယ့်အစီအစဉ် အပြောင်းအလဲမရှိဟုဆို
2021.02.03
ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးထိုးမယ့် လုပ်ငန်းတွေ အပြောင်းအလဲမရှိဘဲ အရင်သတ်မှတ်ထားတဲ့အတိုင်း ထိုးပေးသွားမယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ပြောခွင့်ရှိသူ ဒေါက်တာ ခင်ခင်ကြီးက RFA ကို ဒီကနေ့ ပြောပါတယ်။ သယ်ယူပို့ဆောင်ရေးနဲ့ တခြား အခက်အခဲကြောင့် အိန္ဒိယနိုင်ငံကနေ ဒုတိယအသုတ် ရောက်မယ့် ကာကွယ်ဆေးတွေ နှောင့်နှေးနေတာသာဖြစ်ပြီး လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ပြန့်နေတဲ့ ကောလဟလသတင်းတွေကို မယုံကြဖို့လည်း သတိပေးပါတယ်။ WHO ကပို့မယ့် ကာကွယ်ဆေးတွေလည်း မကြာခင်ရောက်လာတော့မယ်လို့ ဒေါက်တာ ခင်ခင်ကြီးက ပြောပါတယ်။