တိုင်းရင်းသားဒေသတွေမှာ ကိုဗစ်ကာကွယ်ဆေးရဖို့ ကိုယ်ထူကိုယ်ထ ကြိုးပမ်းနေ
2021.08.03
တိုင်းရင်းသားဒေသတချို့မှာ ကိုဗစ်ရောဂါကာကွယ်ဆေးတွေ ရရှိနိုင်အောင် နယ်စပ်အခြေစိုက် တိုင်းရင်းသား အဖွဲ့တွေက စစ်ကောင်စီရဲ့ အကူအညီအပါဘဲ ကြိုးပမ်းနေကြတယ်လို့ ထိုင်းမြန်မာ နယ်စပ်မဲဆောက်မြို့မှာ ဆေးခန်းဖွင့်ထားတဲ့ ဒေါက်တာစင်သီယာမောင်က ပြောပါတယ်။
ထိုင်း-မြန်မာနယ်စပ်မှာ လုပ်ငန်းတွေစတင်နေပြီဖြစ်ပြီး နောက်တစ်လလောက်အတွင်း မြန်မာပြည်တွင်းကို ကိုဗစ်ကာကွယ်ဆေးထိုး လုပ်ငန်းတွေ စတင်နိုင်မယ်လို့ ပြောပါတယ်။
ဒေါက်တာစင်သီယာမောင်ကို ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထားပါတယ်။