ရန်ကုန်တိုင်း ပြည်သူ့ကျန်းမာရေးနဲ့ကုသရေးဦးစီးဌာနမှူး ဒေါက်တာ ထွန်းမြင့် နဲ့ မေးမြန်းချက်
2021.01.09
ရန်ကုန်တိုင်းအတွင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုနှုန်း ကျဆင်းလာတဲ့အတွက် ကုသရေးနဲ့ စောင့်ကြည့်စင်တာ တချို့ကို ယာယီရပ်နားထားပေမယ့်လည်း အပြီးပိတ်သိမ်းမှာ မဟုတ်သေးဘူးလို့ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ထွန်းမြင့်က RFA ကို ပြောပါတယ်။
ဒေါက်တာ ထွန်းမြင့်ကို RFA သတင်းထောက် မဇာဏီထွဏ်းက အွန်လိုင်းကတစ်ဆင့် ဆက်သွယ် မေးမြန်းထားပါတယ်။