ရာထူးက နုတ်ထွက်လိုက်တဲ့ ဝါရှင်တန်ဒီစီက မြန်မာသံရုံးအရာရှိ

ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်ပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရကို အာဏာသိမ်းလိုက်တဲ့အတွက် အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့က မြန်မာသံရုံး ပထမအတွင်းဝန် ဦးမောင်မောင်လတ်ဟာ အလုပ်ကနေ နုတ်ထွက်ပြီး နိုင်ငံ‌‌ရေးခိုလှုံခွင့် တောင်းခံလိုက်ပါတယ်။

မြန်မာသံအရာရှိဦးမောင်မောင်လတ်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် သီးသန့်တွေ့ဆုံမေးမြန်းထားပါတယ်။