စစ်တပ်အာဏာသိမ်းမှု ဦးဖြိုးဇေယျာသော်နဲ့ ဆက်သွယ်မေးမြန်းချက်

ခင်ခင်အိ(ဝါရှင်တန်ဒီစီ)
2021.02.03

လက်ရှိ စစ်တပ်ကအာဏာသိမ်းပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ သမ္မတဦးဝင်းမြင့် အပါအဝင် NLD ပါတီတာဝန်ရှိသူတွေ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို အမြန်ဆုံးလွှတ်ပေးဖို့နဲ့ ၂၀၂ဝ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုဖို့ NLD ပါတီ ဗဟိုကော်မတီဝင် ဦးဖြိုးဇေယျာသော်က ပြောပါတယ်။

ဒါ့အပြင် လူထုရဲ့ ဆန္ဒကို ဆန့်ကျင်ပြီး စစ်တပ်က အာဏာသိမ်းတာကို လူထုက ငြိမ်းချမ်းစွာ ဆန္ဒပြနေကြတဲ့ အခြေအနေပေါ်မှာလည်း အလေးအနက် ထောက်ခံအားပေးပါကြောင်းလည်း သူက ပြောပါတယ်။ စစ်အာဏာသိမ်းမှုကို ကျန်းမာရေးဝန်ထမ်းတွေက အာဏာဖီဆန်ရေး လှုပ်ရှားမှုကို စတင်ခဲ့သလို အခြားသော နိုင်ငံ့ဝန်ထမ်းတွေလည်း ဒီလှုပ်ရှားမှုမှာ ပါဝင်လာဖို့ ဖိတ်ခေါ်လိုကြောင်း၊ အားလုံး စုစည်းညီညာစွာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြမယ် တော်လှန်ကြမယ် ရှုတ်ချကြမယ်ဆိုရင် ပြည်သူအားလုံးလိုလားတဲ့ ပန်းတိုင်ကို မလွဲမသွေ ရောက်ရှိမှာဖြစ်တယ်လို့ ဦးဖြိုးဇေယျာသော်က ပြောပါတယ်။

ဦးဖြိုးဇေယျာသော်ကို RFA အဖွဲ့သူ မခင်ခင်အိ ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

​ကျော်​ကျော်ထ့န်း
2021-02-04 01:51

သာယာချမ်း​မြေ့ကြပါ​စေ။