သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-09-02
တပ်မတော်က သတင်းမီဒီယာ ၆ ဦးနဲ့ လူပုဂ္ဂိုလ်နှစ်ဦး စုစုပေါင်း ၈ဦးကို တရားစွဲဆိုထားတဲ့ အမှုတွေကို ဒီနေ့ ကျေအေးရုပ်သိမ်းပေးလိုက်ပါတယ်။
2017-09-02
ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်အစပ် ပလက်ဝမြို့နယ်ထဲက ကုလားတန်မြစ်အနောက်ဖက်ခြမ်းမှာ ရခိုင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ AA နဲ့ အစိုးရတပ်မတော်တို့ မနေ့က တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
2017-09-01
ရခိုင်ပြည်နယ် မောင်တောဒေသမှာ အကြမ်းဖက် မှုတွေကြောင့် ကယ်ဆယ်ရေးစခန်းတွေကို ထွက်ပြေးလာခဲ့ကြတဲ့ ဒေသခံတွေဟာ စားဝတ်နေရေးအခက်အခဲတွေ ကြုံနေရပါတယ်။ မောင်တောကယ်ဆယ်ရေးစခန်းက ဒေသခံံတွေကို သွားရောက်ကူညီခဲ့တဲ့ မြေပုံမြို့နယ် ဂန်းဂွာချောင်း ကျောင်းတိုက်ဆရာတော် ဦးအိန္ဒကို RFA အဖွဲ့သူ မခင်ခင်အိက ဆက်သွယ်လျှောက်ထား မေးမြန်းခဲ့ ပါတယ်။
2017-09-01
တပ်မတော်က သတင်းမီဒီယာနဲ့အတူ သတင်းသမားတွေအပေါ် တရားစွဲဆိုထားသည့် အမှုအားလုံးကို ကျေအေးရုပ်သိမ်းလိုက်ပါတယ်။ ဒီအခြေအနေဟာ သတင်းမီဒီယာအတွက် တိုးတက်မှုတစ်ခုလို့ မြင်ပါသလားဆိုတာ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဒုတိယဥက္ကဌ ဦးအောင်လှထွန်းကို မသင်းသီရိ ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။
2017-09-01
မောင်တောမြို့ပေါ်မှာ အကြမ်းဖက် ရန်ကြောင့် ဒေသခံတွေ မနေရဲတော့ပဲ ထွက်ပြေးနေတဲ့အတွက် မြို့မှာ လူမကျန်တော့ သလောက်ဖြစ်နေပြီလို့် သိရပါတယ်။
2017-08-31
အိန္ဒိယက ပဲတင်သွင်းခွင့် မူဝါဒပြောင်းလဲ ကန့်သတ် လိုက်တဲ့အတွက် ကျဆင်းနေတဲ့ ပဲဈေးနှုန်းတွေကို ထိန်းနိုင်ဖို့အတွက် အစိုးရနဲ့ ပဲကုန်သည်တွေ ပူးပေါင်းပြီး မြန်မာကျပ်ငွေ ဘီလီယံတစ်ရာနဲ့ ရန်ပုံငွေတစ်ရပ် ထူထောင်ကာ ပဲတွေကို ဝယ်ယူပေးသွားမယ်လို့ မြန်မာနိုင်ငံပဲမျိုးစုံနင့် နှမ်းကုန်သည်များအသင်း ဥက္ကဌ ဦးထွန်းလွင်က ပြောပါတယ်။
2017-08-30
ရဲရွာရေအားလျှပ်စစ် ရေလှောင်တမံဟာ သြဂုတ်လ ၂၈ ရက် မနက် ၃ နာရီကစပြီး ရေတွေစလျှံနေ တာကြောင့် ဒုဋ္ဌဝတီမြစ်ဘေးတလျှောက် နေထိုင် ကြသူတွေ သတိပြုနေထိုင်ကြဖို့ ရေအား လျှပ်စစ်ဓာတ်အားပေးစက်ရုံက သတိပေးထုတ်ပြန် ထားပါတယ်။
2017-08-30
"ဝ" အဖွဲ့ ဦးဆောင်တဲ့ ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးရေးကော်မတီ FPNCC နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ UNFC အဖွဲ့ကို မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေက ဖိတ်ခေါ်လိုက်တယ်လို့ သိရပါတယ်။
2017-08-30
ရခိုင်ပြည်နယ်မှာ မွတ်စလင်အကြမ်းဖက်အဖွဲ့တွေရဲ့ အန္တရာယ်ကျရောက်နေသလို ထိုင်းနိုင်ငံတောင်ပိုင်းမှာလည်း အလားတူဖြစ်ရပ်တွေ ဆယ်စုနှစ်နဲ့ချီပြီဖြစ်နေပါတယ်။ ဒါကြောင့် ထိုင်းအစိုးရနဲ့ စစ်တပ်က အဲဒီပြဿနာကို ဘယ်လိုကိုင်တွယ်နေလဲ၊ ထိုင်းပြည်သူတွေ ဘယ်လိုသဘောထားလဲ၊ မြန်မာအစိုးရ၊ စစ်တပ်နဲ့ပြည်သူတွေကရော ဘယ်လိုနမူနာယူသင့်လဲဆိုတာ လေ့လာစရာဖြစ်ပါတယ်။
2017-08-30
လတ်တလောဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး ဆန့်ကျင်ရှုတ်ချကြောင်း လူ့အခွင့် အရေးပညာပေးအဖွဲ့က ဒီကနေ့ ကြေညာချက် ထုတ်ပြန်ပါတယ်။
2017-08-30
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်၊ မောင်တော နဲ့ ရသေ့တောင်မြို့နယ်တွေမှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် ဘုန်းကြီးကျောင်းတွေ၊ စာသင်ကျောင်းတွေ၊ ဓမ္မာရုံတွေ၊ ရဲစခန်းတွေနဲ့ တပ်စခန်းတွေ ကို ထွက်ပြေးတိမ်းရှောင်လာသူ တစ်သောင်းနှစ်ထောင်ကျော်ရှိနေပြီဖြစ်ပါတယ်။
2017-08-30
ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့အညီ တိကျပြတ်သားစွာအရေးယူဖို့ နိုင်ငံရေးပါတီ ၂၈ ပါတီက ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
2017-08-29
မကွေးတိုင်းအတွင်း မန်းရေနံမြေနဲ့ တဆက်တည်း မိုင်၂၀ ခန့်ရှည်လျားတဲ့ ရေနံမြေအသစ် တခု တွေ့ရှိတယ်လို့ ပြီးခဲ့တဲ့အပတ်က မကွေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
2017-08-29
အလုပ်သမားတွေ လစဉ်ပေးသွင်းထားတဲ့ အာမခံကြေးငွေကို အစိုးရဝန်ကြီးဌာနအနေနဲ့ ဘယ်လိုစီမံဆောင်ရွက်နေ လဲဆိုတာနဲ့ ပတ်သက်လို့ အလုပ်သမားဝန်ကြီး ဌာန လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှူး ဒေါ်သန်းသန်းနုကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားပါတယ်။
2017-08-29
ဒီကနေ့ နေ့လည်ပိုင်းက မောင်တောမြို့နယ် သရက်အုပ်ရွာကို အစွန်းရောက်အကြမ်းဖက်သမားတွေ ဝိုင်းထားစဉ် နယ်ခြားစောင့်ရဲတပ်ဖွဲ့နဲ့ အကြမ်းဖက်အဖွဲ့တွေ ၁ နာရီ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။