ပဲဈေးနှုန်းတွေကို ထိန်းနိုင်ဖို့ ရန်ပုံငွေတစ်ရပ် ထူထောင်မည်
2017.08.31
အိန္ဒိယက ပဲတင်သွင်းခွင့် မူဝါဒပြောင်းလဲ ကန့်သတ်လိုက်တဲ့အတွက် ကျဆင်းနေတဲ့ ပဲဈေးနှုန်းတွေကို ထိန်းနိုင်ဖို့အတွက် အစိုးရနဲ့ ပဲကုန်သည်တွေပူးပေါင်းပြီး မြန်မာကျပ်ငွေ ဘီလီယံတစ်ရာနဲ့ ရန်ပုံငွေတစ်ရပ် ထူထောင်ကာ ပဲတွေကို ဝယ်ယူပေးသွားမယ်လို့ မြန်မာနိုင်ငံပဲမျိုးစုံနင့် နှမ်းကုန်သည်များအသင်း ဥက္ကဌ ဦးထွန်းလွင်က ပြောပါတယ်။
အဲဒီအခြေအနေနဲ့ပတ်သတ်ပြီး မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း ဥက္ကဌ ဦးထွန်းလွင်ကို RFA သတင်းထောက် မသက်စုအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။