ရဲရွာရေအားလျှပ်စစ် ရေလှောင်တမံ ရေတွေလျှံ


2017.08.30

ရဲရွာရေအားလျှပ်စစ် ရေလှောင်တမံဟာ သြဂုတ်လ ၂၈ ရက် မနက် ၃ နာရီကစပြီး ရေတွေစလျှံနေတာကြောင့် ဒုဋ္ဌဝတီမြစ်ဘေးတစ်လျှောက် နေထိုင်ကြသူတွေ သတိပြုနေထိုင်ကြဖို့ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံက သတိပေးထုတ်ပြန်ထားပါတယ်။

ရေတွေဖောက်ချမယ်ဆိုရင် အစိုးရခွင့်ပြုချက်မရှိဘဲ ဖွင့်ထားတဲ့ ဒုဋ္ဌဝတီမြစ်ဘေးက အပန်းဖြေဥယျာဉ်တွေ အန္တရာယ်ရှိတာကြောင့် စာပေးပို့သတိပေးထားတာဖြစ်တယ်လို့ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မင်း က ပြောပါတယ်။ ဦးအောင်မင်း ကို RFA သတင်းထောက် မသီရိမင်းဇင် က ဆက်သွယ်မေးမြန်းထားပါတယ်။

 

 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။