ထိုင်းတောင်ပိုင်းမှာ မွတ်စလင် အကြမ်းဖက်တွေကို ဘယ်လိုကိုင်တွယ်လဲ
2017.08.30
ရခိုင်ပြည်နယ်မှာ မွတ်စလင်အကြမ်းဖက်အဖွဲ့တွေရဲ့ အန္တရာယ်ကျရောက်နေသလို ထိုင်းနိုင်ငံတောင်ပိုင်းမှာလည်း အလားတူဖြစ်ရပ်တွေ ဆယ်စုနှစ်နဲ့ချီပြီဖြစ်နေပါတယ်။ ဒါကြောင့် ထိုင်းအစိုးရနဲ့ စစ်တပ်က အဲဒီပြဿနာကို ဘယ်လိုကိုင်တွယ်နေလဲ၊ ထိုင်းပြည်သူတွေ ဘယ်လိုသဘောထားလဲ၊ မြန်မာအစိုးရ၊ စစ်တပ်နဲ့ပြည်သူတွေကရော ဘယ်လိုနမူနာယူသင့်လဲဆိုတာ လေ့လာစရာဖြစ်ပါတယ်။
ဒီအကြောင်းနဲ့ပတ်သက်လို့ မြန်မာ့အရေး ကမ္ဘာ့အရေးလေ့လာသူသုတေသီတဦးဖြစ်ပြီး ဘန်ကောက်မြို့မှာနေထိုင်တဲ့ ဦးဇော်မင်း ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားပါတယ်။