သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-10-26
၁၉၉၀ ရွေးကောက်ပွဲအနိုင်ရပုဂ္ဂိုလ်လည်းဖြစ်၊ အဝေးရောက်ညွန့်ပေါင်းအစိုးရ NCGUB အဖွဲ့မှာ နိုင်ငံခြားရေးဝန်ကြီးအဖြစ်လည်း နှစ်ပေါင်းများစွာ ဆောင်ရွက်ခဲ့တဲ့ ဦးဘိုလှတင့်ကို NUG အစိုးရက အာဆီယံဆိုင်ရာသံတမန်အဖြစ် အောက်တိုဘာလ ၂၄ ရက်နေ့က ခန့်အပ်လိုက်ပါတယ်။
2021-10-26
မြန်မာနိုင်ငံမှာ ပိုမိုဆိုးရွားလာတဲ့ အခြေအနေတွေကြောင့် အာဆီယံအနေနဲ့ အဖွဲ့အဝင် နိုင်ငံတွေရဲ့ ပြည်တွင်းရေးကို ကြားဝင်စွက်ဖက်မှု မပြုရေးမူကို ပြန်စဉ်းစားသင့်တဲ့အကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြီးခဲ့တဲ့အပတ်က ပြောဆိုလိုက်ပါတယ်။
2021-10-24
အာဏာသိမ်းစစ်ကောင်စီကို ပိုမိုဖိအားပေးရေးအတွက် ပြောဆိုခဲ့သလို ဒု ဝန်ကြီး Wendy Sherman ကလည်း မြန်မာပြည်ဒီမိုကရေစီ ပြန်လည်ရရှိရေးအတွက် ခိုင်ခိုင်မာမာ ဆက်လက်ဆောင်ရွက်မယ်လို့ ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။
2021-10-22
လက်ရှိ အာဏာသိမ်းစစ်တပ်ထဲမှာ ရှိတဲ့ စစ်သွေးကြွအရာရှိ ၇ဝ ရာခိုင်နှုန်းက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကို သစ္စာခံမှာ ဖြစ်ပေမယ့် ကျန်တဲ့အရာရှိ ၃ဝ ရာခိုင်နှုန်းအပါအဝင် တော်လှန်ရေးအင်အားစုတွေရဲ့ ယုံကြည်ချက်ခိုင်မာမှုနဲ့ ပြည်သူတွေရဲ့ အပြည့်အဝ ထောက်ခံမှုကြောင့် နွေဦးတော်လှန်ရေးဟာ မုချအောင်မြင်မှာဖြစ်တယ် လို့ တပ်မ (၆၆) လက်အောက်ခံ ခြေလျှင်တပ်ရင်း (၈ဝ) ကနေ ဒီရက်ပိုင်းအတွင်း ပြည်သူနဲ့ ပူးပေါင်းလာခဲ့တဲ့ ဗိုလ်ကြီး အောင်မျိုးထက် က ပြောပါတယ်။
2021-10-19
နွေဦးတော်လှန်ရေးရန်ပုံငွေအတွက် အမေရိကန် ဒေါ်လာ ၁ဝဝ၊ ၅ဝဝ၊ ၁ဝဝဝ နဲ့ ၅ဝဝဝ တန် ငွေတိုက်စာချုပ် (Bond) လေးမျိုးကို အမေရိကန်ဒေါ်လာ သန်းတစ်ထောင်ဖိုးထိ NUG အစိုးရက ထုတ်ရောင်းဖို့ပြင်ဆင်နေပါပြီ။
2021-10-19
ချင်းပြည်နယ် ဟားခါးအခြေစိုက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှာ တပ်ကြပ်ကြီးစာရေး ရာထူးတာဝန်နဲ့ အာဏာဖီဆန်ရေး CDM လုပ်ခဲ့တဲ့ ချင်းတိုင်းရင်းသား ဟင်လျန်ပြန်းဟာ ချင်းပြည်နယ်ထဲက တော်လှန်ရေးအဖွဲ့တွေ CDF နဲ့ ပူးပေါင်းကာ တော်လှန်ရေးထဲမှာ ပါဝင်သွားမယ်လို့ ပြောပါတယ်။
2021-10-19
ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်ကနေ စစ်ကောင်စီရဲ့ လွတ်ငြိမ်းသက်သာခွင့်နဲ့ ဒီနေ့ လွတ်မြောက်လာသူတွေအထဲမှာ စာရေးဆရာမ တူးတူးသာလည်း ပါဝင်ပါတယ်။ သူမဟာ ပြီးခဲ့တဲ့ ဧပြီလ ၂၄ ရက်နေ့ညက သားဖြစ်သူ ကိုဉာဏ်လူသစ်၊ သားရဲ့သူငယ်ချင်း ကိုသီဟစိုး၊ မောင်ဖြစ်သူ ကိုရဲနောင်တို့နဲ့အတူ သန်လျင်ကနေအိမ်မှာ ဖမ်းဆီးခံခဲ့ရတာပါ။ ဒီနေ့မှာတော့ သူတို့လေးဦးစလုံး ပြန်လွတ်လာပါတယ်။
2021-10-14
ချင်းပြည်နယ် မင်းတပ်မြို့အတွင်း စစ်ကောင်စီက တင့်ကား နှစ်စီး အပါအဝင် ခြေလျင်တပ်၊ အမြောက်တပ်တွေပါ တိုးပြီးချလာတဲ့အတွက် ပြည်သူတွေအနေနဲ့ စစ်ရေးတင်းမာနေတဲ့ လမ်းပိုင်းတွေကို ရှောင်ရှားကြဖို့နဲ့ မလိုအပ်ဘဲ အပြင်မထွက်ကြဖို့ မင်းတပ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ မင်းတပ် CDF က တိုက်တွန်းလိုက်ပါတယ်။
2021-10-13
မြန်မာ့အရေး ကြားဝင်ဆောင်ရွက်ဖို့ဆိုပြီး ကုလသမဂ္ဂ၊ အမေရိကန်နဲ့ တရုတ်တို့ရဲ့ တိုက်တွန်းမှု အပါအဝင် အာဆီယံက ခန့်ထားတဲ့ အထူးကိုယ်စားလှယ်ကို မြန်မာပြည်ဝင်ဖို့ကိစ္စ ကြန့်ကြာနေတဲ့အတွက် ဘာကြောင့်လဲဆိုတာ စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ် ပြန်ကြားရေးဒု-ဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းခဲ့ပါတယ်။
2021-10-12
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်းအဖွဲ့ဟာ လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့တွေကို အပတ်စဉ် ကြေးနန်းသတင်းတွေ ပို့ပြီး နွေဦးတော်လှန်ရေး အင်အားစုတွေက တိုင်းပြည်စီးပွားရေးနဲ့ လူမှုရေး မတည်ငြိမ်အောင် ပြုလုပ်နေကြတဲ့အတွက် တပ်မတော်က တည်ငြိမ်အောင် ကြိုးစားလုပ်ဆောင်နေရတယ်ဆိုပြီး ယုံကြည်အောင် လုပ်ဆောင်နေကြတယ်လို့ ပြည်သူနဲ့ ပူးပေါင်းလာခဲ့တဲ့ ပုသိမ်အမှတ် (၄) စစ်မြေပြင်ဆေးတပ်ရင်းက ဗိုလ်ကြီး နိုင်လင်း က ပြောပါတယ်။
2021-10-12
ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းမြို့နယ် နမ့်ပန်မြစ်ကျောတလျှောက် ဧက ၈၀၀ အကျယ်အဝန်းမှာ မန္တလေးအခြေစိုက် ငွေရည်ပုလဲကုမ္ပဏီက ကျောက်မီးသွေး လာရောက်တူးဖော်မယ့် စီမံကိန်းကို ဒေသခံတွေ ဆန့်ကျင်ကန့်ကွက်နေပါတယ်။
2021-10-11
အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH တို့ကို EU ဥရောပသမဂ္ဂပါလီမန်မှာ အသိအမှတ်ပြုလိုက်တာဟာ ပြည်သူတွေရဲ့စစ်အာဏာရှင်တော်လှန်ရေးအတွက် အလားအလာကောင်းဖြစ်တယ်လို့ ချက်သမ္မတနိုင်ငံဆိုင်ရာ NUG အစိုးရရဲ့ကိုယ်စားလှယ် ဦးလင်းသန့်က ပြောပါတယ်။
2021-10-10
မြန်မာပြည်မှာ စစ်အာဏာရှင် အမြန်ပြုတ်ကျရေး နဲ့ ဒီမိုကရေစီရေးအတွက် ပြည်တွင်း ပြည်ပက မြန်မာနိုင်ငံသားတွေအားလုံး ညီညီညွတ်ညွတ် ပူးပေါင်းတိုက်ပွဲဝင်ပေးကြဖို့ တော်လှန်ရေးနယ်မြေ တစ်ခုမှာ ရောက်နေတဲ့ ကလေးမြို့ စက်မှု အထက်တန်းကျောင်းက ဆရာမ ဒေါ်ရတီအုန်းက မေတ္တာရပ်ခံ တိုက်တွန်းလိုက်ပါတယ်။
2021-10-09
မန္တလေးအခြေစိုက် တက္ကသိုလ်ကျောင်းသား သမဂ္ဂများ သပိတ်နဲ့ မန္တလေးအမျိုးသမီးသပိတ်မှာ ဦးဆောင်လှုပ်ရှားနေတဲ့ မအေးမြင့်အောင်အောင် ရဲ့ နွေဦးတော်လှန်ရေး ခံယူချက်နဲ့ အနာဂတ် မြန်မာနိုင်ငံအပေါ် မျှော်လင့်ချက်တွေကို RFA အဖွဲ့သူ မခင်ခင်အိက တင်ဆက်ထားပါတယ်။
2021-10-08
ပြည်သူတွေကို ရက်စက်စွာ ချေမှုန်းပြလိုက်ခြင်းအားဖြင့် ကြောက်ရွံ့ငြိမ်ဝပ်သွားလိမ့်မယ်လို့ စစ်အာဏာရှင်တွေက တွက်ဆခဲ့ပေမယ့် လက်ရှိ မြန်မာလူထုရဲ့ အသိဉာဏ်က အာဏာရှင်တွေထက် တဆင့်ပိုမိုမြင့်မားနေတဲ့အတွက် ကြောက်ရွံ့ပိပြားမယ့်အစား ထွက်ပေါက်ကို ရှာဖွေနိုင်ခဲ့တာဖြစ်တယ်လို့ ပြည်သူနဲ့ ပူးပေါင်းလာခဲ့တဲ့ တပ်မတော်ဆေးတက္ကသိုလ်က လက်ထောက်ကထိက စိတ်ပညာဆရာဝန် ဗိုလ်ကြီး ဒေါက်တာကျော်သီဟ က RFA ကို ပြောပါတယ်။