စစ်ရေးတင်းမာနေတဲ့ လမ်းပိုင်းတွေကို ရှောင်ရှားဖို့ မင်းတပ် PDF သတိပေး

ခင်ခင်အိ (ဝါရှင်တန်ဒီစီ)
2021.10.14

ချင်းပြည်နယ် မင်းတပ်မြို့အတွင်း စစ်ကောင်စီက တင့်ကား နှစ်စီး အပါအဝင် ခြေလျင်တပ်၊ အမြောက်တပ်တွေပါ တိုးပြီးချလာတဲ့အတွက် ပြည်သူတွေအနေနဲ့ စစ်ရေးတင်းမာနေတဲ့ လမ်းပိုင်းတွေကို ရှောင်ရှားကြဖို့နဲ့ မလိုအပ်ဘဲ အပြင်မထွက်ကြဖို့ မင်းတပ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ မင်းတပ် CDF က တိုက်တွန်းလိုက်ပါတယ်။

မင်းတပ် CDF တာဝန်ရှိသူတစ်ဦးကို RFA အဖွဲ့သူ မခင်ခင်အိက ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။