အာဆီယံရဲ့ ပြည်တွင်းကိစ္စဝင်မစွက်ရေးမူနဲ့ မြန်မာ့အရေး
2021.10.26
မြန်မာနိုင်ငံမှာ ပိုမိုဆိုးရွားလာတဲ့ အခြေအနေတွေကြောင့် အာဆီယံအနေနဲ့ အဖွဲ့အဝင် နိုင်ငံတွေရဲ့ ပြည်တွင်းရေးကို ကြားဝင်စွက်ဖက်မှု မပြုရေးမူကို ပြန်စဉ်းစားသင့်တဲ့အကြောင်း မလေးရှားနိုင်ငံခြားရေး ဝန်ကြီးက ပြီးခဲ့တဲ့အပတ်က ပြောဆိုလိုက်ပါတယ်။
အာဏာသိမ်းစစ်ကောင်စီဟာ အာဆီယံအဖွဲ့ရဲ့ အခြေခံအကျဆုံးမူတစ်ခုဖြစ်တဲ့ ဒီ ကြားဝင်စွက်ဖက်မှုမပြုရေး မူကို အကာအကွယ်ယူပြီး အာဏာတည်မြဲဖို့ ဆက်လုပ်နေတယ်လို့လည်း သူက သုံးသပ်ပါတယ်။
ဒီနေ့ စတင်ကျင်းပတဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးမှာ ဒီကြားဝင်စွက်ဖက်မှု မပြုရေး မူကို ကျော်လွန်ပြီး မြန်မာ့အရေးအတွက် ဘယ်လို အပြောင်းအလဲတွေ ဖော်ဆောင်နိုင်မလဲ ဆိုတာကို RFA ဝိုင်းတော်သား ကိုရဲခေါင်မြင့်မောင်က နိုင်ငံတကာ လေ့လာသုံးသပ်သူတွေကို ဆက်သွယ်မေးမြန်းပြီး တင်ဆက်ထားပါတယ်။