တော်လှန်ရေးအင်အားစုတွေက တိုင်းပြည်ဖျက်ဆီးနေဟု တပ်တွင်းဝါဒဖြန့်ချိနေ

ခင်မောင်စိုး (ဝါရှင်တန်ဒီစီ)
2021.10.12

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်းအဖွဲ့ဟာ လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့တွေကို အပတ်စဉ် ကြေးနန်းသတင်းတွေ ပို့ပြီး နွေဦးတော်လှန်ရေး အင်အားစုတွေက တိုင်းပြည်စီးပွားရေးနဲ့ လူမှုရေး မတည်ငြိမ်အောင် ပြုလုပ်နေကြတဲ့အတွက် သူတို့တပ်မတော်က တည်ငြိမ်အောင် ကြိုးစားလုပ်ဆောင်နေ ရတယ်ဆိုပြီး စစ်တပ်အတွင်းက အရာရှိ၊ အရာခံ၊ အကြပ်တပ်သားတွေကို Brain Wash ဦးနှောက်ဆေး ကြောပြီး သူတို့ပြောစကားတွေကို ယုံကြည်အောင် လုပ်ဆောင်နေကြတယ်လို့ ပြည်သူနဲ့ ပူးပေါင်းလာခဲ့တဲ့ ပုသိမ် အမှတ် (၄) စစ်မြေပြင်ဆေးတပ်ရင်းက ဗိုလ်ကြီး နိုင်လင်း က RFA ကို ပြောပါတယ်။

အဲဒီလိုပြောကြားချက်တွေကို တပ်တွင်းရှိသူ အများစုက ယုံကြည်နေကြတယ်လို့လည်း ဆိုပါတယ်။ ဗိုလ်ကြီး နိုင်လင်းကို RFA အဖွဲ့သား ဦးခင်မောင်စိုး က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။