လူထုရဲ့အသိဉာဏ် အာဏာရှင်တွေထက် တဆင့်ပိုမြင့်ကြောင်း CDM ဗိုလ်ကြီး ကျော်သီဟ ပြောကြား

ခင်မောင်စိုး (ဝါရှင်တန်ဒီစီ)
2021.10.08

ပြည်သူတွေကို ရက်စက်စွာ ချေမှုန်းပြလိုက်ခြင်းအားဖြင့် ကြောက်ရွံ့ငြိမ်ဝပ်သွားလိမ့်မယ်လို့ စစ်အာဏာရှင်တွေက တွက်ဆခဲ့ပေမယ့် လက်ရှိ မြန်မာလူထုရဲ့ အသိဉာဏ်က အာဏာရှင်တွေထက် တဆင့်ပိုမိုမြင့်မားနေတဲ့အတွက် ကြောက်ရွံ့ပိပြားမယ့်အစား ထွက်ပေါက်ကို ရှာဖွေနိုင်ခဲ့တာဖြစ်တယ်လို့ ပြည်သူနဲ့ ပူးပေါင်းလာခဲ့တဲ့ တပ်မတော်ဆေးတက္ကသိုလ်က လက်ထောက်ကထိက စိတ်ပညာဆရာဝန် ဗိုလ်ကြီး ဒေါက်တာကျော်သီဟ က RFA ကို ပြောပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ ပကတိအခြေအနေတွေကို လက်မခံနိုင်ပဲ စိတ်ပညာအရ Fantasy Thinking စိတ်ကူးယဉ်စကားတွေကို ပြောဆိုနေတာဖြစ်တယ်လို့လည်း သူက သုံးသပ် ပြောကြားခဲ့ပါတယ်။ ဗိုလ်ကြီး ကျော်သီဟကို RFA အဖွဲ့သား ဦးခင်မောင်စိုး က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

သီဟလင်း ( ခေတ္တအဝေး)
2021-10-10 00:30

ခေတ်တွေ နှစ်တွေသာပြောင်းလဲလာတာ
အာဏာလု စစ်ကောင်စီရဲ့ အုံးနှောက်က ခုခေတ်၁၀နှစ်သားကလေးတယောက်လောက်တောက် မဖွံ့ဖြိုးဘူးးး
နိုင်ငံနဲ့ပြည်သူကိုချစ်ရင် နိုင်ငံနဲ့ပြည်သူရဲ့ကောင်းကျိုးပြုနေတဲ့
အဖွဲ့အစည်းကိုလဲ လေးစားချစ်မြတ်နိုးရမယ်
ခုဟာက ငါ့မိသားစု ငါ့အတွက်ဆိုတဲ့အတ္တနဲ့ အာဏာရူးလုနေတာ.ပြည်သူဆိုတာလက်ခုပ်ထဲကရေမဟုတ်.