သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-06-22
ဒေါ်အောင်ဆန်းစုကြည် ဟာ ဇွန်လ ၂၃ ရက်နေ့မှာ ထိုင်းနိုင်ငံကိုရောက်ရှိပြီး ထိုင်းအစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး ထိုင်းနိုင်ငံကို နှစ်နိုင်ငံချစ်ကြည်ရေး ခရီးစဉ်အဖြစ် လာရောက်တဲ့ကိစ္စနဲ့ ပတ်သက်လို့ ခရီးစဉ်အခြေအနေကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မြန်မာသံရုံးက သံမှူးကြီး ဦးဝဏ္ဍဟန်ကို အာအက်ဖ်အေ သတင်းထောက် ဦးအောင်မိုးမြင့် က ဆက်သွယ်မေးမြန်းထားပါတယ်။
2016-06-22
စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်၊ ကံကုန်းကျေးရွာအနီးက မြန်မာ့စီးပွားရေးဦးပိုင် ကုမ္ပဏီ ပိုင်ဆိုင်တဲ့ မိုးကြိုးဆာလ်ဖျူရစ် အက်ဆစ်စက်ရုံကနေ အနံ့အသက်ဆိုးတွေ ထွက်နေတာကြောင့် ကံကုန်းကျေးရွာ စာသင်ကျောင်းမှာ ကျောင်းသားအားလုံး နီးပါး ကျောင်းမတက်နိုင်ဘဲဖြစ်နေပါတယ်။
2016-06-22
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိူးမြို့က စားသုံးသူရေးရာဦးစီးဌာနဟာ စားသုံးဆီထုတ်လုပ်တဲ့ စက်ရုံတွေ၊ စာသင်ကျောင်းမုန့်ဈေးတန်းတွေ နဲ့ ဈေးကွက်ထဲမှာ ရောင်းချနေတဲ့ အစားအသောက်တွေကို ရက်တစ်ရာစီမံချက်နဲ့ လိုက်လံစစ်ဆေးနေပါတယ်။
2016-06-22
လက်ရှိ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးစနစ်တွေ၊ အကျဉ်းထောင်တွင်းစနစ်တွေ ပြင်ဆင်ပြောင်းလဲဖို့ လိုအပ်တဲ့အကြောင်းတွေကို ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Yanghee Lee နဲ့ မနေ့က တွေဆုံစဉ် တင်ပြဆွေးနွေးခဲ့တယ်လို့ မြန်မာလူမှုဘ၀ တိုးတက်မြင့်မားရေး ( ယာယီ) အဖွဲ့ အတွင်းရေးမှူး ဖြစ်တဲ့ ဗိုလ်ကြီးဟောင်းနေမျိူးဇင်က ပြောပါတယ်။
2016-06-21
မြန်မာနိုင်ငံက အရပ်ဘက်လူမှုအဖွဲ့အစည်း ၆ ဖွဲ့က ကိုယ်စားလှယ်တွေနဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Yanghee Lee တို့ ဒီနေ့ ရန်ကုန်မြို့က ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအေဂျင်စီ UNDP ရုံးမှာ တွေ့ဆုံဆွေးနွေး ခဲ့ကြပါတယ်။
2016-06-21
မွန်ပြည်နယ် လွှတ်တော်မှာ ဒုတိယဥက္ကဌအဖြစ် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီအဖွဲ့ချုပ်က ဒေါက် တာ အောင်နိုင်ဦးကို တင်မြှောက်ထားတာပါတယ်။
2016-06-21
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ထိုင်းနိုင်ငံ မဟာချိုင်မြို့မှာ မြန်မာရွှေ့ပြောင်းအလုပ် သမားတွေနဲ့ လာမယ့် ဇွန်လ ၂၃ ရက်နေ့ညနေမှာ တွေ့ဆုံမှာဖြစ်ပါတယ်။
2016-06-20
၁၉၉၁ ခုနှစ်ထဲက အိမ်ရာတွေအသိမ်းခံရတဲ့ ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ် မိချောင်းကန် အပိုင်း ၁၊၂၊ ၃ က ပြည်သူတွေဟာ ဦးသိန်းစိန် အစိုးရလက်ထက်မှာ သိမ်းဆည်းခံမြေတွေ ပြန် အစားထိုးရရေး၊ လျော်ကြေးရရေးအတွက် ၇ ကြိမ်ဆန္ဒပြပြီး သပိတ်စခန်း သုံးကြိမ်ဖွင့်ခဲ့ပါတယ်။ အခု NLD အစိုးရ လက်ထက်မှာ ပထမဆုံးအကြိမ် အဖြစ် မနေ့က သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး သူတို့လိုအပ်ချက်တွေကို တောင်းဆိုလိုက်ပါတယ်။
2016-06-19
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်ရေး အထူးကိုယ်စားလှယ် မစ္စ ယန်ဟီးလီဟာ ဇွန်လ ၂၂ ရက် ဗုဒ္ဓဟူနေ့မှာ ရခိုင်ပြည်နယ်ကို သွားရောက် မှာဖြစ်ပါတယ်။
2016-06-19
မစ္စယန်ဟီးလီဟာ ရှမ်းပြည်နယ်ကို လာရောက်တဲ့အခါ စစ်ဘေးရှောင် ဒုက္ခသည်တွေကိုတွေ့ဆုံပြီး သူတို့ရဲ့လိုအပ်ချက်တွေကို တွေ့ဆုံမေးမြန်းဖို့ မျှော်လင့်တယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ SNDP ရဲ့ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်းက ပြောပါတယ်။
2016-06-19
အစိုးရသစ်လက်ထက်မှာ ပထမဆုံးအကြိမ် လာရောက်တဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် Ms.Yang Hee Lee ဟာ ဒီနေ့ မြန်မာနိုင်ငံကို ရောက်ရှိလာပါတယ်။
2016-06-19
ပြီးခဲ့တဲ့ ဇွန်လ ၁၂ ရက်နေ့ကနေ ၁၇ရက်နေ့အထိ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့မှာကျင်းပ တဲ့ နိုင်ငံတကာကုန်စည်ပြပွဲကို တက်ရောက်ခဲ့ တဲ့ မြန်မာအစိုးရကိုယ်စားလှယ်အဖွဲ့ဟာ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရဲ့ ကွန်မြူနစ်ပါတီ အထွေထွေ အတွင်းရေးမှူးနဲ့ ပေါက်ချန်းပြည်နယ်ရဲ့ ကွန်မြူနစ်ပါတီ ဥက္ကဌတို့နဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံ ကုန်သွယ်ရေး တိုးမြှင့်ဖို့ကိစ္စတွေ ဆွေးနွေးခဲ့ ပါတယ်။
2016-06-18
သံတွဲမြို့နယ်ထဲက ရေဘေးဒဏ်ခံထားရတဲ့ ပြည် သူတွေအတွက် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းက အိမ်မိုးသွပ်တွေနဲ့ မီးဖိုချောင်သုံး ပစ္စည်းတွေ သွားလှူနေပါတယ်။
2016-06-18
တရုတ်ပြည်အထိ သွယ်တန်းဖောက်လုပ်ထားတဲ့ ရေနံနဲ့သဘာဝဓါတ်ငွေ့ ပိုက်လိုင်းကြောင့် ပျက်စီးသွားတဲ့ မြေယာတွေထဲက လျော်ကြေးမရပဲကျန်နေသူတွေ၊ ထပ်မံနစ်နာသူတွေအရေး စုံစမ်းစစ်ဆေးဖို့ ကော်မတီတစ်ခုဖွဲ့လိုက်ပါတယ်။
2016-06-18
အစိုးရသစ်လက်ထက်မှာ ပထမဆုံးအကြိမ်အဖြစ် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်က လယ်ယာမြေ ၂၀၈ ဧကကို မူလပိုင်ရှင်တွေ ထံ ပြန်လည်ပေးအပ်တော့မှာဖြစ်ပါတယ်။