မသန့်ရှင်းတဲ့ စားသုံးဆီ လားရှိုးမှာ တွေ့ရှိ


2016.06.22

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိူးမြို့က စားသုံးသူရေးရာဦးစီးဌာနဟာ စားသုံးဆီထုတ်လုပ်တဲ့ စက်ရုံတွေ၊ စာသင်ကျောင်းမုန့်ဈေးတန်းတွေ နဲ့ ဈေးကွက်ထဲမှာ ရောင်းချနေတဲ့ အစားအသောက်တွေကို ရက်တစ်ရာစီမံချက်နဲ့ လိုက်လံစစ်ဆေးနေပါတယ်။

အဲဒီလိုစစ်ဆေးရာမှာ ရှမ်းပြည်မြောက်ပိုင်းအတွင်း ဖြန့်ဖြူးရောင်းချနေတဲ့ လားရှိုးမြို့ပေါ်က ဆီစက်ရုံတွေဟာ ရောနှောဆီတွေနဲ့ မသန့်တဲ့ဆီတွေကို ထုတ်လုပ်ဖြန့်ချိနေကြောင်း တေ့ွရှိထားတယ်လို့ စားသုံးသူရေးရာဦးစီးဌာန ဒုတိယပြည်နယ်ဦးစီးမှူး ဦးဇော်မင်းသန်းက ပြောပါတယ်။

ဦးဇော်မင်းသန်းကို RFA သတင်းထောက် မဇာဏီထွဏ်း က ဆက်သွယ်မေးမြန်းထားပါတယ်။

 

 

 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။