ရခိုင်ရေဘေး ၈၈ ကူညီ
2016.06.18
သံတွဲမြို့နယ်ထဲက ရေဘေးဒဏ်ခံထားရတဲ့ ပြည်သူတွေအတွက် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက အိမ်မိုးသွပ်တွေနဲ့ မီးဖိုချောင်သုံးပစ္စည်းတွေ သွားလှူနေပါတယ်။
အဲ့ဒီ ပရိတ်ရွာ၊ ပေါက်တောရွာ၊ ရွှေလှေရွာနဲ့ ရေကောက်ရွာတွေမှာ ရေမျောဆုံးရှုံးသွားတဲ့အိမ်တွေ အမြန်ပြန်ဆောက်နိုင်ဖို့ အရေးပေါ်အကူအညီ လိုအပ်နေတယ်လို့ သိရပါတယ်။
ဒီအကြောင်းနဲ့ပတ်သက်လို့ ၈၈ မျိုးဆက်အဖွဲ့က မနီလာသိန်းကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာနားဆင်နိုင်ပါပြီ။