ကုလအထူးကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့မည်
2016.06.19
အစိုးရသစ်လက်ထက်မှာ ပထမဆုံးအကြိမ် လာရောက်တဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးကိုယ်စားလှယ် Ms.Yang Hee Lee ဟာ ဒီနေ့ မြန်မာနိုင်ငံကို ရောက်ရှိလာပါတယ်။
မြန်မာနိုင်ငံခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေ၊ လူ့အခွင့်အရေးဆိုင်ရာအဖွဲ့အစည်းတွေနဲ့ လည်း တွေ့ဆုံသွားဖို့ရှိပါတယ်။
Ms.Yang Hee Lee ရဲ့ မြန်မာနိုင်ငံခရီးစဉ်နဲ့ပတ်သက်ပြီး နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူ ဦးဇော်ဌေးကို RFA သတင်းထောက် မဇာဏီထွဏ်း က ဆက်သွယ်မေးမြန်းထားပါတယ်။